"ငါ ကတ်မပါလာဘူး ၊ မှတ်ပုံတင်လည်း မပါလာဘူး "
"အင်း ဒါဆိုလည်း မသွားတော့ပါဘူး ၊ ထမင်းပေါင်းပဲ သွားစားကြတာပေါ့"
ဆူးလေပန်းခြံမှ ကုန်သည်လမ်း ၊ ထိုမှ တစ်ဆင့် တောက်လျှောက် လမ်းလျှောက်လာပြီးသောအခါတွင်တော့ ထမင်းပေါင်းဆိုင်သို့ရောက်လာသည်။
"ဝက်သားကင်နဲ့ နှစ်ပွဲ"
မှာပြီး ခဏ အကြာတွင်တော့ အငွေ့တထောင်ထောင်းထနေသော ထမင်းပေါင်း နှစ်ပန်းကန် ရောက်လာသည် ။
"ရော့ မင်း ငုံးဥ ကြိုက်တယ်မလား"
ငုံးဥ မကြိုက်သော ကျော်မိုးက အောင်ရင်၏ ပန်းကန်ထဲသို့ ငုံးဥ နှစ်လုံးကို ထည့်ပေးသည်။
"ကျေးဇူးပဲ"
"ဒါနဲ့ အောင်ရင် မင်းက ဗိုလ်ချုပ်ဈေးမှာ ဘာဝယ်မလို့လဲ "
"ငါ့ ညီမလေးအတွက် မြန်မာဝတ်စုံဝယ်ပေးမလို့လေ ၊ သင်္ကြန်လည်း ရောက်တော့မယ်ဆိုတော့"
ဟုတ်သားပဲ ၊ မတ်လကုန်ရင် ဧပြီ ၊ သင်္ကြန်တောင် ရောက်တော့မှာပဲ ။
******
"ပန်းရောင် ယူရမလား ၊ အစိမ်း ကောင်းမလား"
"နှစ်စုံလုံး လှပါတယ်ကွ"
အောင်ရင်ရဲ့ ညီမလေးကို မြင်မှ မမြင်ဖူးတာ ၊ ဘာနဲ့ ပိုလိုက်မလဲ ဆိုတာ ဘယ်သိပါ့မလဲ ။
"မိန်းကလေးဆိုတော့ ပန်းရောင်လေး ယူလိုက်ပါလား"
ကျော်မိုး ၏ စကားကို အောင်ရင်က ခေါင်းတစ်ချက်ညိတ်ကာ လက်ခံပြီး ပိုက်ဆံရှင်းသည်။
ဆိုင်က ထွက်လာသော အချိန်တွင် နှစ်နာရီပင် ခွဲနေပြီ။
လမ်းလျှောက်လာရင်းမှ ဆိုင်တစ်ဆိုင်ရှေ့ရောက်တော့ ကျော်မိုးက ဆက်မသွားတော့ဘဲ ဆိုင်ထဲသို့ ကြည့်သည်။
"ကျော်မိုး ဆွယ်တာ ဝယ်မလို့လား"
"အင်း ခဏ ဝင်ကြည့်ရအောင်"
ကျော်မိုးက ဆင်စွယ်ရောင် ဆွယ်တာလက်ရှည် ကို လှမ်းယူသည် ။
"ဒါလေး ဘယ်လောက်လဲဗျ"
"ခြောက်ထောင့်ငါးရာ သားလေး"
YOU ARE READING
ပုလဲတို့ဖြင့်ဖွဲ့သီသော ( Completed)
Romance"ကံ့ကော်ဆိုတာ မပြောင်းလဲတဲ့ချစ်ခြင်း သက်သေ"
Part 13 ( Unicode )
Start from the beginning