"ကြာလိုက်တာကွာ"
"အောင်ရင် မင်းကလေ ဆယ်မိနစ်လောက်လေးကို "
ထိုအခါမှ အောင်ရင်က ရယ်ပြရင်း ဖရဲသီးကို လှမ်းယူသည်။
"ကျေးဇူးပဲ "
"ရပါတယ်ကွာ"
အောင်ရင်က ဖရဲသီးစိတ်ကို နှိုက်စားရင်း ကျော်မိုးကို ကြည့်သည်။
"မင်းက မစားဘူးလား"
"အင်း စားမယ်လေ"
သူ ဖရဲသီးစိတ်ကို ယူကာ တစ်ကိုက်ကိုက် လိုက်သည်။
အထွန်းဖရဲသီးလောက်လည်း မချိုဘူး။
ဖရဲသီး စားနေရင်းပင် အထွန်းကို သတိရမိပြန်တော့ မသိမသာ ပြုံးမိပြန်သည် ။
ဖြူစင်လွန်းသော အထွန်း ၊ အလှကြိုက်လွန်းသော အထွန်း ၊ အသီးဗန်းကို ခေါင်းပေါ်ရွက်ကာ နွဲ့နွဲ့လျလျ ဖြင့် လမ်းလျှောက်တတ်သော အထွန်း ။
အထွန်းဟူသော ထိုကောင်လေးသည် အမြဲတစေပင် ပြုံးရွှင်နေတတ်သလို စကားပြောလျှင်လည်း ချိုချိုသာသာ ရှိတတ်လွန်းသည်။
သို့သော် အထွန်းသည် တစ်ခါတရံတွင်တော့ မျက်နှာနွမ်းကာ အားငယ်နေတတ်သည် ။
ဈေးရောင်းမကောင်းသော နေ့တွင် သက်ပြင်းတချချဖြင့် တွေဝေငေးမော နေတတ်သည်။
လူအများ၏ လှောင်ပြောင်ခြင်းကို ခံရသော အချိန်တွင် ခေါင်းကိုငုံ့ရင်း ညှိုးငယ်နေတတ်သည်။အထွန်းက ချစ်စရာကောင်းသည်။ သူ့အတွက်တော့ သနားစရာလည်း ကောင်းနေပြန်သည်။
နွဲ့နွဲ့လျလျကောင်လေးကို ပတ်ဝန်းကျင်က သဘောမကျ သောကြောင့် ခင်ခင်မင်မင်ပင် မရှိလှ။
ကျော်မိုး သက်ပြင်းသဲ့သဲ့ ချမိတော့ အောင်ရင်က လှည့်ကြည့်လာသည်။
"ဘာဖြစ်လို့လဲ ကျော်မိုး"
"ဘာမှမဖြစ်ပါဘူးကွာ ဒါနဲ့ နေပူလာတော့မယ် "
"အေး ၃၈ လမ်းဘက်သွားရအောင် "
" BC ရောသွားကြမလား"
အောင်ရင်က သူ့ အိတ်ထဲသို့ မွှေနှောက်ရှာရင်း ခေါင်းခါပြသည်။
YOU ARE READING
ပုလဲတို့ဖြင့်ဖွဲ့သီသော ( Completed)
Romance"ကံ့ကော်ဆိုတာ မပြောင်းလဲတဲ့ချစ်ခြင်း သက်သေ"
Part 13 ( Unicode )
Start from the beginning