🤍 အပိုင်း 18 🤍

Start from the beginning
                                    

"မဟုတ်ပါဘူးကိုကိုရဲ့  ..... ၃နာရီလောက်ထဲက ချိုးထားတာပါ .... အသားလေးတွေက ၀လာလို့ အေးနေတာနေမယ် "

လိမ္မော်နုရောင် ဗိုက်ဖုံးအင်္ကျီ လက်ပြတ်လေးနဲ့ အလှကြီးလှနေတဲ့ ကောင်မလေးကို မိုးစျေ တစိမ့်စိမ့်ကြည့်နေမိသည်....

ကိုကိုက စိုက်ကြည့်နေသည်မို့ ခခ မနေတတ်တော့သည့် မျက်နှာလေးဖြင့် .....

"ကိုကိုကလဲ ဘာလို့အဲ့လောက်တောင်
ကြည့်နေတာလဲ "

"ချစ်ဖို့ကောင်းလို့ပေါ့ကွ .... ကိုကိုတစ်ခု တွေးနေမိတာလေ တစ်သားမွေး တစ်သွေးလှဆိုတာပဲ ရှိတာ .... အခု ကိုကို့မိန်းမကမွေးတောင်မမွေးရသေးဘူး အရမ်းတွေ အလှသွေးကြွယ်နေပြီ ... မွေးရင်လဲ နှစ်ယောက်တောင်မွေးမှာဆိုတော့ နှစ်သားမွေးလို့ နှစ်သွေးလှသွားရင် ဘယ်မှာဖွက်ထားရမလဲဆိုပြီး စဥ်းစားနေတာ .... "

"ဟင်.... ကိုကိုပိုသွားပြီ "

ရှက်ပြီးခေါင်းလေးငုံ့လိုက်တော့ မိုးစျေ တဟားဟားအော်ရယ်ပြီး ရင်ခွင်ထဲဆွဲသွင်းကာ ပွေ့ဖက်လိုက်သည်......

"ကိုကို အရမ်းပင်ပန်းလာလားလို့ .... ခခမေးတာဖြေဦးလေ ....."

"တနေကုန် အခုမှ ထိုင်ရတယ်ကွာ ... အရမ်းပင်ပန်းတာပဲ .... အရင်စာသင်တုန်းကဆို အေးအေးသက်သက်သာသာပဲ .... ကလေးတွေ စာမရမှသာ စိတ်ပင်ပန်းရတာ .... အခုတော့ လူလဲပင်ပန်း
စိတ်လဲပင်ပန်းနဲ့ .... "

"ခခ ဖေဖေ့ကိုပြောပေးရမလားဟင် .... ကိုကိုအခုလို ပင်ပန်းနေတာကို မကြည့်ရက်တော့ဘူး ...... "

"ဟာ ပြောလို့မရဘူးလေ ခခရဲ့ .... ယောက္ခမကြီးက အခုမှ ကိုကို့ကို အမြင်ကြည်ခါစလေးရှိသေးတာ .... ခခ အဲ့လိုသွားပြောရင် အခြေအနေတွေ အကုန်ဆိုးကုန်မှာပေါ့ .... အလုပ်ပင်ပန်းတာက
မိန်းမအနားမှာ အခုလိုလေး နေနေရရင်
ကို အမောပြေပါပြီကွာ .... "

"ဒီနေ့ရော ဘာတွေလုပ်ရလဲဟင် ကိုကို "

"ဒီနေ့က ဧည့်သည်အ၀င်အထွက်စာရင်းတွေနဲ့ အမြတ်ငွေ Financial ပိုင်းတွေ အဓိကလုပ်ရတာ .... ဪ မေ့လို့ စားဖိုဆောင်ကိုလဲ အသေးစိတ်၀င်စစ်ဆေးရသေးတယ် .... ဒီနေ့တော့ တကယ်ကို ဖလက်ပြတာပဲ .... ဒါတောင် တော်သေးတယ် ကိုသူရိန်က အစအဆုံးကူညီလို့ .... မဟုတ်ရင် စာပဲသင်တတ်တဲ့ ကိုကို့ဘ၀က တကယ်မလွယ်ဘူး.... "

🤍 Unrequited Love Means 🤍Where stories live. Discover now