အချစ်စစ် (အပိုင်း၂၂)

Start from the beginning
                                    

ရှောင်ကျန့်လည်းမိမိမျက်လုံးများဖွင့်ကြည့်သောအခါနေရောင်ခြည်အလင်းရောင်ကမျက်စိကိုလာစူး၍တဖန်ပြန်မှိတ်ပြီးမှသေချာနိုးလာခဲ့သည်မတ်တပ်ရပ်ပြီးကုတင်စီသွားရန်လုပ်သော်လည်းမသွားနိုင်တော့ပေ....
မိမိလက်များလည်းအားမရှိတော့ပေခြေထောက်များလည်းကျဥ်တာထက်အားမရှိတော့သည်ဟုဆိုလျှင်ပိုမှန်လိမ့်မည်

ကိုယ့်ဘာကိုစဥ်းစား၍ရှောင်ကျန့်ခပ်ရွဲ့ရွဲ့ရယ်လိုက်မိသည်

"အော်ငါ့တကိုယ်လုံးလည်းရောဂါအကျိုးသက်ရောက်လာပြီပဲ....အခုလှုပ်ရှားဖို့တောင်တော်တော်ခက်ခဲတာပဲ...ဟက်..."

နောက်မှခေါင်းထဲရောက်လာသည်ကကိုကို....သူထိုနေရာမှာပဲအိပ်နေအုန်းမလားအအေးပတ်သွားမလားစိတ်ပူလာသည် ပြီးမှပြန်ပြီးစဥ်းစားမိပြန်သည်

"ဘယ်လောက်စိတ်နာတယ်ပြောပြောကိုကို့ကိုနည်းနည်းလေးတောင်အထိအခိုက်အပွန်းပဲ့ဖြစ်တာမမြင်ချင်သလိုမြင်နိုင်မဲ့စွမ်းရည်လည်းမရှိခဲ့ဝူး.. အခုချိန်ထိပဲ... ကိုကိုကသိပ်ကိုလွှမ်းမိုးနိုင်လွန်းတယ်...ကျနော်လည်းလွတ်လပ်ချင်ပြီနှလုံးသားကလည်းဘာလို့အခုထိကျနော့်ကိုဘဲလာနှိပ်စက်နေရတာလဲ "

အစကလှုပ်တောင်မလှုပ်နိုင်တဲ့ ဒီ ကိုယ်ခန္ဓာလည်းအခုတော့သူ့ကိုစိတ်ပူ၍အအေးပတ်မည်ဆိုး၍အလိုလိုလှုပ်ရှားလာသည်....

"ကိုကိုကမကောင်းဝူးကျနော့်ကိုအမြဲစိတ်ပင်ပန်းစေတယ်"...

ရှောင်ကျန့်လည်းမရှိမဲ့ရှိမဲ့အားကိုအကုန်သုံးကာကုတင်​နားရောက်အောင်သွားပြီးကုတင်ပေါ်တက်လိုက်သည်ပြီးမှဘေးနားကကြိုးဖုန်းကိုလှမ်းကိုင်ပြီးအိမ်အောက်ထပ်ကိုဖုန်းဆက်လိုက်သည်

သူနဲ့မျက်နှာချင်းလည်းမဆိုင်ချင်သလိုမျက်နှာချင်းဆိုင်ဖို့လည်းကိုယ့်ဘာကိုခွင့်မပြုနိုင်ပါချစ်တဲ့စိတ်တွေလည်းပိတ်နှောင်ထားမယ် ထပ်ပြီးခံစားရမယ့်အရာတွေအတွက်အင်အားမရှိတော့လို့ဒါလေးတော့လုပ်ပေးနိုင်ပါတယ်လေ...

"ဟယ်လို..ကြီးကြီး...."

"သခင်လေးအိမ်လာတဲ့ သခင်လေးရိပေါ်ကိုကျွန်မဧည့်သည်ခန်းထဲမှာသေချာဂရုစိုက်ထားပါတယ်အဖျားလည်းညကတော့နည်းနည်းရှိပေမယ့်အခုသက်သာသွားပါပြီ....သခင်လေးရောအဆင်ပြေပါရဲ့လားကျွန်မလာခဲ့ရ.."

အချစ်စစ်(Yizhan version)Where stories live. Discover now