jk တစ်ယောက်ထဲစဉ်းစားရင်းအကြံအိုက်နေလေပြီ။
ကျောင်းကပြန်ပြန်လာချင်းပဲ လွယ်အိတ်ကိုချွတ်ပြီး အိပ်ယာထဲလှဲနေတာ ပင် 4နာရီလောက်ရှိနေလေပြီ။
အချိန်တွေကြာသွားသော်လည်း သူလိုချင်နေကြည့်အဖြေကိုအခုထိ မရသေး. . .။
"ဟူး ~ စိတ်တွေအိုက်တယ်ကွာ !!!! "
ဒေါသကြီးတတ်ကြည့်သူ့စိတ်ကြောင့်နဲ့ဘာလုပ်လုပ် အဆင်မပြေသေးချေ။
စဉ်းစားလိုက်လေလေ Ji hyun ဆိုသော ထိုမိန်းမကို ပိုပို၍ သတ်ချင်စိတ်ပေါက်လေ ဖြစ်နေသည်။
"သားရေ ကျောင်းကပြန်လာတာမင်း ထမင်းလဲမစားရသေးဘူးလေ။ အမေတို့အောက်မှာစောင့်နေမယ်နော် ။ "
"ကျွန်တော်မစားချင်ဘူး ။ ဒီညတော့အိပ်တော့မယ်။ "
အမြဲညစာမစားပဲမနေတတ်တဲ့သူ့သားအကျင့်ကိုသိနေတဲ့ Ms jeonကတော့ အနည်းငယ်တွေဝေသွားသည်။
Jeon jung kook ဆိုသော ထိုသူသည် ဘယ်အရေးကိစ္စပင်ဖြစ်ပစေ သူ့ဝမ်းကိုအရင် ဖြည့်တတ်သောကလေးဖြစ်လေသည်။ ဘယ်လိုအကြောင်းများကြောင့်များ ???
" ဘာဖြစ်လို့လဲသား နေမကောင်းလို့လား ??? တံခါးဖွင့်ပေးပါဦး အမေ ကိုယ်စမ်းကြည့်ရအောင် "
"ကျွန်တော်ပင်ပန်းနေတယ်။ တစ်ယောက်ထဲခဏလောက်ပေးနေပါလား ? ကျွန်တော်ဘာမှမဖြစ်ဘူး "
"အို ~ ဒီကလေးကတော့ခက်ပြီ။ မဖွင့်ပေးရင်လဲ ထားလိုက်တော့ ဒါပေမယ့်ဆေးတော့သောက်ထားနော်သား ဖျားလို့မဖြစ်ဘူးနော် ။ မနက်ဖြန် သားသူငယ်ချင်းမင်္ဂလာဆောင်နော် ။ "
" အမေ ကျွန်တော်အိပ်ချင်ပြီ။ သွားပါတော့ "
"အံမယ် သွားပြီတော် "
" မကြားချင်တဲ့ဒီစကားက်ို လူတိုင်းပါးစပ်ဖျားကမချကြပါလား ? "
ထယ်ယောင်း မင်းကိုငါမပိုင်ရင်ဘဟ်သူမှမပိုင်စေရဘူး။ မင်းကငါ့မိန်းမပဲလုပ်ရမယ်။
တဒင်္ဂ အချိန်လေးမှာပဲ သူတွေးမိလိုက်တဲ့အတွေးတစ်ခုကို ကျေနပ်နေကာ jk အော်ရယ်လိုက်သည်။
"ဟား ဟား ဟား ဟား မနက်ဖြန်ထယ်ယောင်းက ငါ့အတွက်ပဲဖြစ်ရမယ် "
Part-17
Start from the beginning
