" မကြားချင်တဲ့ဒီစကားကို လူတိုင်းပါးစပ်ဖျားကမချကြပါလား ? "
ထယ်ယောင်း မင်းကိုငါမပိုင်ရင်ဘဟ်သူမှမပိုင်စေရဘူး။ မင်းကငါ့မိန်းမပဲလုပ်ရမယ်။
တဒင်္ဂ အချိန်လေးမှာပဲ သူတွေးမိလိုက်တဲ့အတွေးတစ်ခုကို ကျေနပ်နေကာ jk အော်ရယ်လိုက်သည်။
"ဟား ဟား ဟား ဟား မနက်ဖြန်ထယ်ယောင်းက ငါ့အတွက်ပဲဖြစ်ရမယ် "
>>>>>>>>>parallel<<<<<<<<<<<
ခမ်းနားလှတဲ့ ကြယ် 5လုံးဟိုတယ် က မင်္ဂလာ ခမ်းမကြီးတစ်ခု ~
စည်ကားနေတဲ့ထိုလူအုပ်စုနဲ့အတူ မင်္ဂလာသံစဉ်များလဲ စတင်တီးခတ်နေလေပြီ။
သတို့သမီးဖြစ်သူJi hyun ကတော့ ဒီပွဲမှာ အလှဆုံးနတ်သမီး ဖြစ်စေဖို့ကိုအားကုန်ပြင်ဆင်နေလေရဲ့။
သူမရဲ့အပြုံး များကလဲ အလွန်အသက်ဝင်ကာ မိုးကောင်းကင်သို့ပင်တက်ချိတ်တော့မည့်အလား ~~
အသောမတတ်နိုင်တဲ့စိတ်တွေက ထယ်ယောင်းကိုပင်အမြန်တွေ့ချင်လှပြီဟုသာ နှိုးဆော်နေတော့သည်။ ( နှာဘူးမဆိုတာ ဒါမျိုး မလွဟ်ဘူး အစစ်မတွေ )
ထိုအချိန်မှာပဲ Ms kim အပြေးအလွှား ဂါဝန်ကြီးတဖားဖားဖြင့် ငိုကြီးချက်မ ရောက်ချလာတော့သည်။
"လုပ်ကြပါဦး ကျွန်မသားလေး ပျောက်နေပြီ "
Ms kim ရဲ့စကားကြောင့် Ji hyun အလွန်အမင်းထိန်လန့်သွားသည်။ လှသွေးကြွယ်နေတဲ့သူမမျက်နှာတပြင်လုံးမှာ သွေးစုပ်ဖုတ်ကောင်အလား ဖြူ ဖက်ဖြူ ရော်ဖြစ်လေပြီ။
"ရှင် ထယ် က ဘယ်ရောက်သွားလို့လဲ အန်တီ ထယ်တစ်ခြားနေရာတော့မသွားလောက်ပါဘူး "
" အော် ~~ ရှာမတွေ့လို့ပေါ့ဟယ် ငါ့သားလေး ဘယ်ရောက်နေလဲမသိဘူး မင်္ဂလာချိန်ကလဲစတော့မယ် ဖေကြီးရေ လုပ်ပါဦး ရှင့်သားကိုရှာကြပါဦး "
" မင်းသားက အရေးကြီးတဲ့အချိန်ဘဟ်ရောက်နေတာလဲ ။ သေချာရှာကြည့်ပြီးပြီလား ?? လူတွေလဲအကုန်စုံနေပြီ အရှက်တော့မကွဲချင်ဘူးကွာ ။ " (ကွဲမှာစိတ်ချ )
Part-17
Start from the beginning
