ပြောရင်း ဆိုရင်းပင် ထိုအန်တီကြီးက ခြံထဲဆင်းလာတော့ အထွန်း ပန်းဝယ်ရန် ဆုံးဖြတ်လိုက်သည်။
"ဟုတ် ပန်း ဘယ်လောက်လဲဟင်"
"ပန်းက အမျိုးမျိုးရှိတယ် ၊ လာလေ အထဲဝင် "
အထွန်း ခဏပင် ကြောင်သွားမိသည် ။ တော်တော်များများက အထွန်းတို့ကို အိမ်ထဲ မပြောနဲ့ လမ်းမှာ တွေ့ရင်တောင် ရှောင်သွားချင်ကြတာ။
ခြံထဲရောက်တော့ သဇင်အုံများကို စိတ်ဝင်တစားပင် ကြည့်နေမိသည် ။
သဇင်ဥစိမ်းစိမ်းလေးများ နှင့် သဇင်ပန်း ဖြူဖြူလေးများမှ သဇင်ပန်းနံ့ သင်းသင်းလေးများကိုပင် ရနေသည် ။
"ဘယ်အတံ ကြိုက်လဲ ကြည့်နော်"
"ဟုတ်"
အထွန်း သဇင်ပန်း များကို စိတ်ကြိုက်ရွေးနေတော့သည် ။ အမေ့ အတွက် တော့ အလှဆုံးပန်းကို လိုချင်သည် ။
"ကြိုက်တာတွေ့လား"
ယောက်ျားလေး တစ်ယောက် အသံ ကြားလိုက်ရသော ကြောင့် အထွန်း လှည့်ကြည့်မိလိုက်တော့ ထိုသူက အထွန်းကို ပြုံးပြသည်။
"အကို့ကို မှတ်မိလား "
အထွန် ခပ်မြန်မြန်ပင် စဉ်းစားလိုက်သည်။
ဘယ်သူများပါလိမ့် ၊ အထွန်းနဲ့ သိတဲ့သူလား ။အထွန်း စဉ်းစားမရ ဖြစ်နေစဉ်မှာပင် ထိုသူက အထွန်းကို ရယ်ပြလာသည် ။
"ဖရဲသီးဝယ်ဖူးတယ်လေကွာ ၊ ပိုက်ဆံ လိုနေတာကိုတောင် လျှော့ပေးခဲ့သေးတယ်လေ"
ထိုအခါမှ အထွန်း သတိရသွားသည် ။
မှတ်မိပြီ ၊ အထွန်းမှတ်မိပြီ ။ ပိုက်ဆံမပါတဲ့ အကိုပဲ။"ဟုတ် မှတ်မိပြီ "
"ဒါနဲ့ သဇင်ပန်းလာဝယ်တာလား ၊ ကြိုက်တာတွေ့ရင်ပြောနော် "
"ဟုတ် ဟိုဘက်က အဖြူလေး ဘယ်လောက်လဲဟင် "
"ဒီအဖြူလေးက နှစ်ထောင်"
နှစ်ထောင် ၊ အထွန်း အိမ်က ဆန်တစ်ပြည်တောင် ဒီလောက်မကျဘူး ။ ဒါပေမယ့် အမေ့အတွက်ပဲ ။ ဈေးကြီးတာ မကြီးတာထက် အမေကြိုက်ဖို့ အရေးကြီးတယ် ။
YOU ARE READING
ပုလဲတို့ဖြင့်ဖွဲ့သီသော ( Completed)
Romance"ကံ့ကော်ဆိုတာ မပြောင်းလဲတဲ့ချစ်ခြင်း သက်သေ"
Part 10( Unicode )
Start from the beginning