🤍 အပိုင်း 17 🤍

Start from the beginning
                                    

"ဟုတ်ပါပြီဗျာ .... "

သူ့ကိုတင်မဟုတ် သူ့ညီအစ်ကိုတွေကိုပါမောင်နှမ သဖွယ် ဂရုစိုက်ပေးတဲ့ ချစ်ဇနီး
လေးကို မိုးစျေ အသည်းယားမိသည် ....

မသိရင် လူတွေက ခခကို ဒီအိမ်သားလို့ထင်ကြမှာပါ....

"ကိုကိုရော ဘာလက်ဆောင်ပေးမှာလဲ "

"ဟင် ခခ ပေးပြီးပြီလေ .... ခခပေးပြီးရင် ကိုကို ပေးစရာလိုလို့လား .... ကိုကိုတို့က လင်မယားတွေပဲဟာကို "

"မရဘူးလေ ကိုကိုရဲ့ .... ရှိတာမှ ဒီညီလေး တစ်ယောက်ထဲကို ကိုကိုကလဲ ပေးရမှာပေါ့လို့ .... ခခက ခခဘာသာ ပေးတာ
လေ .... ကိုကိုမ၀ယ်ရသေးရင် ခခတို့ အခု သွား၀ယ်ကြမယ်လေ ..... "

အတည်ကြီး အပြင်ထွက်ပြီး မွေးနေ့လက်ဆောင်သွား၀ယ်မယ်လုပ်နေသော ခခကြောင့် မိုးစျေ ဆက်မစနေတော့ပဲ ....

"၀ယ်ပြီးသွားပါပြီ မိန်းမရယ် .... ကိုကို ဟိုတနေ့က ၀ယ်လာတဲ့ ဂျင်းဘောင်းဘီလေ အဲ့တာ ဒီကောင်အတွက် ..... ဒီကောင် ဟိုနေ့က အမေ့ကို ပူဆာတာ ကြားတာနဲ့ မြို့ထဲရောက်တုန်း တစ်ခါထဲ ၀ယ်လာတာ ....."

"ခခ ကိုကိုက တော်လိုက်တာကျန်း.... "

"တော်တယ်ဆို ကိုကို့ကို ချော့သိပ် "

"အစောကြီး ရှိသေးတယ် ကိုကိုကလဲ အိပ်တော့မို့လား "

"ဘယ်မှာစောတော့လို့လဲ ..... ၁၀နာရီပဲ ထိုးတော့မယ်ကို ..... မဗိုက်က မနက်ကျရင်လဲ ဟိုစပ်စပ်ဒီစပ်စပ် ၀င်ပါဖို့ အစောကြီး ထဦးမှာမလား .... "

"ကိုကိုကလဲ ..... "

ကိုကိုပြောနေတာလဲ မနက်ကျရင် စောစောထဖို့ တွေးနေတာ မှန်နေ၍ ခခဘာပြန်ပြောရမလဲ မသိတော့ပေ .....

"နွားနို့သောက်ပြီးပြီလား "

"သောက်ပြီးပြီ "

"ဆေးရော "

"သောက်ပြီးသွားပြီ "

"ဒါဆို အိပ်လို့ရပြီ ကိုကို ခေါင်းလေးပုတ်ပေးမယ် အိပ်တော့ "

"ဟုတ် "

ကိုကို့ကို ချော့သိပ်ဟုပြောလိုက်ရသော်လည်း နောက်ဆုံး တကယ်တမ်း ချော့သိပ်ရသူမှာ မိုးစျေ ဖြစ်သွားခဲ့သည်....

🤍 Unrequited Love Means 🤍Where stories live. Discover now