Part-14💚

2.1K 123 25
                                    

Unicode

ဆို့နင့်လာတဲ့ခံစားချက်
ဒါကိုခေါင်းစဥ်တပ်ဖို့ခက်ခဲလိမ့်မယ်
ရင်နာတာလား နာကျင်တာလား
သေချာသိဖို့ကြိုးစားမှာလည်းမဟုတ်ပါဘူး
ဒီခံစားချက်တွေကထိုကလေးအတွက်သာဖြစ်တည်တာမို့

သာမန်မဟုတ်ဘဲစခဲ့တဲ့ဆက်ဆံရေးတစ်ခုက
ဘယ်အထိခံမှာလဲ ဘယ်လိုအဆုံးသတ်မှာလဲဆိုတာ
အစတည်းကဦးတွေးကြည့်ခဲ့သင့်တာ ဦးမှားခဲ့တာပါကလေးရယ်
ဦးဘက်ကပိုပြီးကြိုးစားခဲ့သင့်တာ
Sexအကြောင်းပဲပြောနေတတ်တဲ့ကလေးကို
Sex နဲ့ပဲသိမ်းပိုက်နိုင်မယ်လို့ထင်ခဲ့လို့ ဦးတော်တော်လေးအသုံးမကျခဲ့တာ
လူကြီးဖြစ်တဲ့ဦးကနည်းနည်းလောက်ပိုတွေးခဲ့သင့်တယ်

ကလေးလက်ကိုကိုင်ပြီးရင်ခွင်ထဲမှာထည့်ထားပြီး
ချစ်ကြောင်းတွေတဖွဖွပြောပြီးပိုဂရုစိုက်ပေးခဲ့သင့်တာ
ကလေးဆီကချစ်တယ်ဆိုတဲ့စကားကိုသာမျှော်လင့်နေမိတဲ့ဦးက
ကလေးကိုချစ်တယ်လို့တဖွဖွပြောဖို့တော့မေ့လျော့နေခဲ့တယ်
ဦးသိပ်ကိုအတ္တကြီးမိတာတောင်းပန်ပါတယ်

ယောက်ျားတန်မဲ့ကျလာတဲ့မျက်ရည်တွေကိုတော့မတားဖြစ်တော့ပါ အဲ့ဒီအစားကလေးနားကိုရောက်အောင်လာဖို့ဘယ်လိုလုပ်ရမလဲဆိုတာသာတွေးနေမိတယ်
ကလေးကိုဘယ်လိုနည်းနဲ့ဖြစ်ဖြစ်ရအောင်ယူမယ်ဆိုဦးလွန်သွားမှာလား အဲ့ဒီအချိန်ကျဦးကိုမချစ်ရင်တောင် မုန်းတော့မမုန်းလိုက်ပါနဲ့လား
ကလေးနဲ့ပတ်သတ်ပြီးတည်းက Off Jumpol ဆိုတဲ့လူက ကလေးအတွက်ပဲဆက်ပြီးဖြစ်တည်နေတာမို့ပါ
ဘယ်အချိန်ကလဲမသိပေမယ့် သတိထားမိတဲ့အချိန်မှာ
ကလေးကိုချစ်တဲ့စိတ်ကဦးရင်ထဲမှာအမြစ်တွယ်နေပြီ.....။

~~~~~~~~~~7/11~~~~~~~~~~~~

အိမ်ပြန်ရတဲ့ခံစားချက်ကိုကျွန်တော်မကြိုက်ဘူး
အိမ်ကအိမ်ဆိုတဲ့ခံစားချက်ကိုမရသလိုကြိုဆိုနေမယ့်သူလည်းမရှိဘူး ခြံဝန်းကျယ်ကျယ်နဲ့နှစ်ထပ်တိုက်ကြီးထက်
သုံးလကျော်ကျော်လောက်သာငှားနေခဲ့တဲ့တိုက်ခန်းကျဥ်းလေးကိုပိုသဘောကျတယ်
တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်ထက်
သိပ်မကျယ်တဲ့သာမန်စတိုးဆိုင်လေးရှိတဲ့ပတ်ဝန်းကျင်ကိုပိုသဘောကျတယ်
အင်း.....ပြီးတော့မလိမ်မညာတမ်းပြောရရင်
ခင်ဗျားရဲ့ရင်ခွင်နွေးနွေးကိုသဘောကျတယ်

Sex At 7/11 (completed)Where stories live. Discover now