Part-6💚

3.2K 158 25
                                    

Unicode

Flash back

"ကျွန်တော်ကဆရာတစ်ယောက်အနေနဲ့တာဝန်ရှိတယ်ထင်လို့ပြောတာပါ ပြီးတော့ကလေးရဲ့ရှေ့ရေးနဲ့ သူကတစ်ကယ်လို့အဲ့လိုမျိုးစိတ်ဝင်စားနေရင်တောင်ပြဿနာမရှိပေမယ့် တစ်ကယ်လို့သာ ရောဂါတွေဘာတွေကူးစက်တာမျိုးရှိလာခဲ့ရင်...အခုတစ်လောအဲ့လိုမျိုးတွေကအရမ်းပြန့်နေတယ်မဟုတ်လား"

"ဆရာရယ် ကျွန်မလေ သားလေးကိုဘယ်လိုတားရမလဲဟင်"

ငိုယိုပြီးပြောလာတဲ့မိခင်ကိုနားလည်မိသည်
သားတစ်ယောက်ဒီလိုဖြစ်နေတာလက်ခံဖို့ခက်ခံမှာပဲလေ
ပြီးတော့ပြောမရဆိုမရခပ်ဆိုးဆိုးကလေးတစ်ယောက်ဖြစ်နေတာကပိုလို့ဆိုးတော့သည်
ကိုယ်တိုင်ကယောက်ျားလေးတစ်ယောက်ကိုချစ်သူတော်ထားတဲ့သူမို့ပိုလို့နားလည်နိုင်သည်
ယောက်ျားချင်းချစ်တာအပြစ်လို့မဆိုသာပေမယ့်လည်း
တွေ့တဲ့ယောက်ျားနဲ့ဆက်ဆံနေတာမျိုးကတော့မဟုတ်သေးတာကြောင့်မိဘတွေကိုအသိပေးရခြင်းသာ
တစ်ကယ်တမ်းဆိုကိုယ့်ကိစ္စမဟုတ်ဘူးလို့ထားလိုက်လို့ရပေမယ့်လည်း မိဘတွေနဲ့ရင်းနှီးနေတာရော guide သင်ပေးနေတဲ့တစ်ဦးတည်းသောကလေးဖြစ်တာရော​ သံယောဇဥ်တွယ်နေတာရော ကိုယ်တိုင်က gay တစ်ယောက်ဖြစ်နေတာကြောင့်ပါ ကိုယ်ချင်းစာပြီးစေတနာပိုမိခြင်းသာ

"ကျွန်တော်လည်း Nut ကိုပြောကြည့်ပါဦးမယ် P'Chan ကိုတော့အသိမပေးသေးတာ​ပိုကောင်းလိမ့်မယ်"

စကားဆုံးတော့သက်ပြင်းကိုသာစိတ်ရှိလက်ရှိချမိတော့သည်
ဒါတောင် P'Chan မသိသေးလို့
သိများသိသွားရင် Nut တစ်ယောက်အသတ်ခံရမလားပဲ
ကျောင်းမှာကျန်းမာရေးစစ်ဆေးပေးတုန်းက Nut သွေးက မသင်္ကာစရာဖြစ်နေလို့ဓာတ်ခွဲခန်းပို့လိုက်ရတာကိုတော့ပြောမထွက်ခဲ့ မိဘတွေအရမ်းကိုခံစားသွားရမှာ

"ဒါဆိုကျွန်တော်လည်းပြန်လိုက်ပါဦးမယ် Nut ကိုဒီရက်ပိုင်း guide သင်ဖို့မလွှတ်ပါနဲ့ဦးနော် ကျွန်တော်ကအိမ်ခဏပြန်ဖို့အတွက်ကျောင်းကိုရောခွင့်ယူထားလို့ပါ ပြန်ရောက်ရင်အကြောင်းပြန်ပါ့မယ်"

"ဟုတ်ကဲ့ပါဆရာရယ် ကျေးဇူးတင်ပါတယ်နော်"

"ဟုတ်ရပါတယ် လိုက်မပို့ပါနဲ့တော့"

Sex At 7/11 (completed)Where stories live. Discover now