မုန်တိုင်းနှင့် ပြဿနာဖြစ်ခဲ့သော ဟို အရက်သမားဆရာနှင့် ယှဉ်လျှင် ဒီဆရာက သက်တန့် အတွက်တော့ နံ့သာဆီလေးလိုပင် နှစ်လိုဖွယ်ကောင်းလွန်းလှသည် ။
သက်တန့်နှင့် ဒီလိုကီးကိုက်လို့လည်း မုန်တိုင်းက ဦးလေးဖြစ်သူ ကျောင်းအုပ်ဆီ တကူးတကသွားပြီး တောင်းဆိုပေးခဲ့တာပင် ။

ဦးလေးက တူဖြစ်သူ သက်တန့်ထက် မုန်တိုင်းကို ပိုချစ် ၊ ပိုယုံကြည်သည်  ။
ကျောင်းဘုတ်အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ မေမေငယ်တို့မျက်နှာရော  ၊ ကျောင်းအတွက် မုန်တိုင်း ယူပေးခဲ့တဲ့ ဆုတွေရောကြောင့် ဦးလေးက မုန်တိုင်းကို ကျောင်းရေးရာနှင့်ပတ်သက်ပြီး တောင်းဆိုပိုင်ခွင့် အပြည့်အဝ ပေးထား၏ ။

မုန်တိုင်းကတော့ ထိုတောင်းဆိုခွင့်များကို သူ့အတွက်ထက် သက်တန့်အတွက်ချည်းသာ အသုံးချပါသည် ။

" ရောင်လေး "

သူ့အကြောင်းတွေးနေတုန်း တိုက်တိုက်ဆိုင်ဆိုင်ပင် မုန်တိုင်းရောက်လာသည် ။ အနားမှာ လူတွေရှိတာကြောင့် မုန်တိုင်းက သက်တန့်လက်လေးကို ဆွဲကာ ခပ်လှမ်းလှမ်းကို ဆွဲခေါ်သွားပြီး လူရှင်းတဲ့နေရာလောက်ကျမှ

" ရောင်လေး...  အရမ်း စိတ်လှုပ်ရှားနေလား...  ချိုချဉ်စားမလား... စိတ်လှုပ်ရှားရင် အချိုစားပေးရတယ်တဲ့ "

လက်ကလေးကို ဆုပ်ကိုင်ပေးရင်း နှုတ်မှလည်း စကားတတွတ်တွတ်ဆိုကာ စိတ်ပူပေးနေသော မုန်တိုင်းကြောင့် သက်တန့်  အလွန်
ကြည်နူးသွားမိပြီး

" ချိုချဉ်မစားချင်ပါဘူး... ချိုချဉ်ထက် အစွမ်းထက်တာ ရှိတယ် "

" ဟင် ? ဟုတ်လား ? ဘာများလဲ ကိုယ့် ကိုပြောပြပါဦး "

​မုန်တိုင်း​က သက်တန့် ခေါင်းလေးကို ခပ်ဖွဖွပုတ်ရင်းဆိုတော့ သက်တန့်က မုန်တိုင်းရင်ဘတ်ကို လက်ညှိုးလေးနဲ့ ထိုးလိုက်ကာ

" ဒီမှာလေ အားဖြည့်ပေးမယ့် ငါ့ရဲ့ power bank ကြီး...  power bank ကြီးရေ ကျွန်တော် ပြိုင်ပွဲမှာ ကောင်းကောင်းကစားနိုင်အောင် အားဖြည့်ပေးပါဦး "

သက်တန့်က ပြောရင်းပင် လက်နှစ်ဖက်ကို ဆန့်တန်းလိုက်တာကြောင့် မုန်တိုင်း အလိုက်သိစွာ သက်တန့်ကို ဖက်ထားလိုက်သည် ။ ထို့နောက် သက်တန့် ကျောပြင်လေးကို ပွတ်သပ်ပေးလိုက်ရင်း

PhilophobiaOù les histoires vivent. Découvrez maintenant