"သူရောက်နေပြီ ခန်းမထဲမှာ မင်းအဆင်ပြေလား"

"ပြေတာပေါ့"

အရမ်းတည်ငြိမ်နေတဲ့ Off ပုံစံကိုမြင်တော့မှ Tay တစ်ယောက်သက်ပြင်းချနိုင်တော့တယ်
လွန်ခဲ့တဲ့နှစ်တွေမှာ Off ဆိုတဲ့သူက Joss ဆိုတဲ့နာမည်ကြားတာနဲ့လုံးဝမတွေ့ချင်ဘူးဟုဆိုတာတုန်လှုပ်နေတတ်ခဲ့တဲ့သူလေ
အချစ်ဦးဆိုတဲ့လူကOffအပေါ်အတော်လေးလွှမ်းမိုးနိုင်ခဲ့ဟန်တူတယ် ပြတ်သွားတဲ့အချိန်တင်မဟုတ်ဘဲ နှစ်အတော်ကြာတဲ့အထိ Off စိတ်ထဲကိုနေရာယူထားနိုင်ခဲ့တာလေ အခုလိုတည်ငြိမ်လာတာအသက်ကြီးလာလို့များလားလို့သာတွေးမိတော့တယ်
ဘာပဲဖြစ်ဖြစ် Off ကိုစစ်မှန်တဲ့အချစ်တစ်ခုနဲ့တွေ့စေချင်တာ သူငယ်ချင်းတွေရဲ့စေတနာပါ

ခန်းမထဲကိုရောက်တဲ့အချိန်မှာဆရာတွေရောကျောင်းရဲ့အလှူရှင်တော်တော်များများပါစုံနေပြီ
ပွဲစလို့အရေးကြီးတဲ့လူကြီးတွေစကားပြောပြီးတာနဲ့စားဖို့သောက်ဖို့လုပ်နေတဲ့သူတွေရယ် စကားပြောတဲ့သူတွေရယ်နဲ့ပွဲကသိပ်တော့မငြိမ်လှဘူး
လာနှုတ်ဆက်တဲ့သူတွေနဲ့စကားပြောရင်းစိတ်ကပြန်ဖို့ကိုသာရောက်နေပြန်တယ်
ဆရာအလုပ်ကထွက်ပြီးတာနဲ့ဒီလိုလူရှုပ်တာတွေကိုသိပ်မကြိုက်တတ်တော့ဘူ အေးအေးဆေးဆေးပဲနေချင်လာတယ်
နှုတ်ဆက်တဲ့သူမရှိတော့မှ အအေးတွေထားတဲ့စားပွဲနားလာကာအအေးတစ်ခွက်ထည့်နေတုန်း
နောက်ကထွက်လာတဲ့ခေါ်သံတစ်ခု

"Off"

ဒီအသံကိုသေချာပေါက်မှတ်မိတာပေါ့ ဘယ်လိုလုပ်ပြီးမေ့ပါ့မလဲ
​မေ့လို့ရခဲ့တာကတော့သူ့အပေါ်ထားတဲ့စိတ်တွေပဲ

"အင်း"

"အဆင်ပြေရဲ့လား"

"မြင်တဲ့အတိုင်းပါပဲ Khun Joss"

"တော်သေးတာပေါ့"

တစ်ကယ်ဆိုသူကဘာလို့အဲ့ဒီမေးခွန်းကိုမေးတာလဲ
ထားခဲ့တုန်းကတောင်အဆင်ပြေလားစိတ်မပူပေးခဲ့တဲ့သူက
အခုမှဘာလာပြီးစိတ်ပူပြနေတာလဲ
စိတ်နာတယ် နာတဲ့စိတ်ကြောင့်ရင်ထဲမွန်းကြပ်လာတယ်
လက်ထဲကအအေးကိုတစ်ခါတည်းကုန်အောင်သောက်ပစ်လိုက်တာတောင်ပျောက်မသွားသေးဘူး
သူကရောဘာလို့ထွက်မသွားသေးတာလဲ

Sex At 7/11 (completed)Where stories live. Discover now