☕Cosmic Rays❤ Part 84(A)

Start from the beginning
                                    

🖤 : အေးဟာ မအော်တော့ဘူး...... Black Coffeeထဖျော်သောက်လိုက်ဟာ...... လန်းသွားအောင် သံပရာသီး ၁လုံးလောက်ပါ အရည်ညစ်ထည့်လိုက်.......

🧵 : အားး နင်ကလည်း စောစောစီးစီး ငါ့သွားတွေတောင်ကျိန်းတယ်.....အေးအေး ထတော့ ငါသောက်လိုက်ပါ့မယ်ဟယ်......ဒါနဲ့ နင်စိတ်အေးအေးထားစမ်းပါဟာ..... နင့်အသံနားထောင်တာနဲ့ ခုငါအတော် မောနေပြီ.....

လထွက်လား မထွက်ဘူးလားဆိုတာက ညမှသိရမယ့်ကိစ္စကို လူတွေလုပ်လို့ရတာလည်းမဟုတ်....... ခုမှ မနက်မိုးလင်းတုန်းရှိသေး နင်ကဘာတွေ သေမလိုပူပင်ပြနေတာတုန်းဟ........

🖤 : ပူရတယ် ပူရတယ်.......တစ်လလုံး သဘာဝတရားကြီးကို ကိုယ့်ဘက်ပါအောင်ပြောပြီး ရင်တထိတ်ထိတ်နဲ့ လုပ်ထားရတာကြီးလေဟ.......

🧵 : အေးပါဟယ်..... နင့်လည်း ငါ မနိုင်ပါဘူး..... ခုတရေးလောက် ပြန်အိပ်ရင်အိပ်လိုက်ဦး ဒီလောက်မိုးအေးအေးနဲ့ကွေးလို့ကောင်းနေတာကို......... မဟုတ်ရင် နင်ခုလိုတွေဖြစ်နေတာနဲ့ Saint က ကြိုသိသွားလိမ့်ဦးမယ်.......

🖤 : မရဘူးဟာ ဒီတစ်နေ့တော့ နေထွက်မှဖြစ်မယ်.......မနေ့ည နင့်မွေးနေ့ပွဲကနေ ပြန်လာကတည်းက မိုးရွာမယ်ဆိုတာကို ငါရိပ်မိလိုက်တယ်လေ......ထင်ထားတဲ့ အတိုင်းပဲ တစ်ညလုံးကို မိုးက ရွာတယ်ကွာ......

အဲ့ဒါခုထိ မတိတ်နေသေးလို့လေဟ....... နင်သိလား ငါ့မှာ အဲ့လိုစိတ်တွေပူနေရတာနဲ့ ညကနေ ခုထိ တရေးမှကောင်းကောင်းကို မအိပ်ရသေးဘူး.......

🧵 : အေးအေး အသက်ကလေး ဘာလေးရှုပြီးတော့ပြော နင့်ကိုလည်း ငါ လက်ဖျားခါပါတယ်.... ငါ ခဏနေရင် အဲ့ Astrophotographer (ကြယ်တာရာနက္ခတ်နှင့် အာကသဆိုင်ရာ ဓါတ်ပုံဆရာ)ဆီ ဖုန်းတစ်ချက်ဆက်ပြီး အခြေအနေကို မေးကြည့်ထားပေးပါ့မယ်....ခုခဏတော့ နင် စိတ်ချလက်ချကလေး ပြန်အိပ်လိုက်ဦး ဟုတ်ပလား......

🖤 : အေးပါဟာ ကျေးဇူးအများကြီးတင်တယ် ငါ့ကောင်........အခု အိပ်ရေးပျက်သွားရင်လည်း ဆောရီးဟာ ဟဲဟဲ........

🧵 : အေးပါဟယ် ပါဝင်စီစဉ်ပေးခွင့်ရတာကို ငါ့ကြီးမယ် အငှားပျော်ရပါတယ် အမောင်ချစ်တတ်ပကြီးရဲ့........

Classic Love 🖤 ❤Where stories live. Discover now