"ဘာတွေအဆင်မပြေတာရှိလို့လဲ။ရင်ဖွင့်ချင်ရင် ရင်ဖွင့်လို့ရတယ်လေ။အစ်ကိုကူညီပေးနိုင်တာရောရှိလား"

"ကျွန်တော်အိမ်မှာနေရတာတကယ်စိတ်ရှုပ်လာပြီ အစ်ကိုရာ။အိမ်ကနှစ်ယောက်ကတကယ်လွန်လာပြီ။ကျွန်တော့်ကိုသားလို့တောင်သတ်မှတ်ကြသေးရဲ့လားတောင်မသိတော့ဘူး"

"စိတ်လျှော့ပါဦး။ဖြည်းဖြည်းချင်းအစ်ကို့ကိုပြောပြ"

"သူတို့အိမ်ထောင်ရေးအဆင်မပြေတာကို အစ်ကိုသိတယ်မလား"

"အင်း"

"မချစ်ဘဲနဲ့ယူခဲ့ရတာမို့လို့ တစ်ခါတလေအဆင်မပြေဖြစ်တာကိုကျွန်တော်နားလည်ပေးနိုင်တယ်။ရိုင်းရိုင်းပြောရရင် သူတို့ဘာသာနောက်ကွယ်မှာဘယ်လောက်ဖောက်ပြန်နေနေကျွန်တော်မသိချင်ယောင်ဆောင်ထားတယ်။ဒါပေမယ့်တစ်ခါတလေကျရင် သူတို့ကတော်တော်လေးကိုလွန်လာတာ။သူတို့ကသူတို့ပျော်ရွှင်ဖို့ပဲသိကြတယ်။ကျွန်တော်ဘယ်လိုခံစားနေရလဲ တစ်ယောက်မှထည့်မတွက်ပေးကြဘူး။သူတို့လုပ်ချင်တာကိုပဲ လုပ်နေကြတယ်"

"ကျွန်တော်ကသူတို့သားဆိုတာကိုမေ့နေကြတယ်နဲ့တူတယ်။ကျွန်တော့်ကိုဆိုနည်းနည်းလေးတောင်ဂရုမစိုက်ကြဘူး။မရှိတဲ့လူလိုသတ်မှတ်ထားကြတာ"

"အဲ့လိုမဟုတ်လောက်ပါဘူး သူရရယ်။အန်တီနဲ့ဦးလေးကမင်းကိုချစ်ပါတယ်"

"အာ မချစ်ပါဘူး အစ်ကိုရယ်။ကျွန်တော်သိတာပေါ့။အခုလည်းပိတ်ရက်မှာ အေးအေးဆေးဆေးနေရမလား မှတ်တယ်။သူတို့ရဲ့ဇယားတွေကြောင့် နှစ်ယောက်သားရန်ဖြစ်နေကြတာ ကောင်းကောင်းကိုနေလို့မရဘူး။အဲ့ဒါကြောင့်အစ်ကို့ဆီကိုလာခဲ့တာ"

ဆောင်းဦးလည်းသူရကိုကြည့်ကာ ဘယ်လိုနှစ်သိမ့်ပေးရမလဲမသိတော့။သက်ပြင်းတွေသာအခါခါချနေမိတော့သည်။

"ဒီကိုရောက်လာမှတော့တစ်ခုခုစားပြီးမှပြန်ပေါ့။အစ်ကို မေကြီးကိုသွားပြောလိုက်ဦးမယ် မင်းရောက်နေတာကို။အအေးရောသောက်မလား သွားဖျော်ပေးမယ်"

"ဟဲဟဲ အဆင်ပြေတာပေါ့ အဲ့လိုဆိုရင်တော့"

ဆောင်းဦးသူ့ကိုခေါင်းညိမ့်ပြလိုက်ကာ အိမ်ထဲကိုဝင်သွားလိုက်သည်။သူရကတော့ခုံမှထိုင်နေရင်း သူ့ပေါင်ပေါ်ကခွေးပေါက်လေးနှင့်ဆော့နေသည်။သူတို့နှစ်ယောက်ကစားနေရင်း စားပွဲကတုန်ခါလာသောကြောင့် သူရစားပွဲပေါ်ကိုကြည့်လိုက်တော့ ဆောင်းဦး၏ဖုန်းမှမြည်နေခြင်းဖြစ်သည်။ဘယ်သူဆက်တာလဲ တစ်ချက်ကြည့်လိုက်တော့ 'ကိုထက်' တဲ့။

My Nerdy BoyOnde as histórias ganham vida. Descobre agora