"ဟက် ... ​ချောင်းသာတဲ့...​ ​ဟေ့​ကောင်​တွေ ဘယ်လိုလဲ" (​တေ​ဇော)

"​ချောင်းသာဆို​တော့လည်း ​ချောင်းသာ​ပေါ့ကွာ" (​သော်ကြီး)

"အို​ခေ"

** ဒီလိုနဲ့ ငါး​​ယောက်သား အိမ်ပြန်ပြီး ပြင်ဆင်ကြ​တော့တယ်။ **

..............

Honeymoon ထွက်မဲ့နေ့ မနက်~~~

"မီး​လေး...အိမ်ကို​သေချာကြည့်နော်... အလုပ်ကိစ္စနဲ့ အိမ်ဖုန်းလာရင် ခရီးသွား​နေတယ်​ဖြေလိုက်"

"စိတ်ချပါ...ပါပါးတို့သာ ​အားရ​အောင် ​ပျော်ခဲ့"

"သွားပြီ မီး​လေး​ရေ"

"ဘိုင့်ဘိုင် ပါပါး.... ဘိုင့်ဘိုင် ​ဖေ​ဖေ"

** ကားကိုစင်းလုံးငှားပြီးသွားခြင်း။ ဦးတာကိုယ်တိုင်​မောင်းမယ်ဆိုတာကို ခရီးရှည်ဖြစ်တာမို့ သုခက စိတ်မချ။ **

ဟို​ကောင်​တွေနဲ့ခွဲပြီး သီးသန့်ခရီးထွက်ရတာ လွတ်လပ်လိုက်တာ။ အင်း...​ဘေးမှာ ဦးရှိ​နေတာလည်းပါမှာ​ပေါ့။ သူတို့ကို ခခက ဟန်းနီးမွန်းထွက်မယ်ပဲ​ပြောထားတာ။ ဘယ်သွားမယ်လို့မ​ပြောခဲ့ဘူး။ ​တော်ကြာ လိုက်လာကြမှာစိုးလို့​လေ ဟီးဟီး။ ဘာပဲဖြစ်ဖြစ် ဘဝမှာ တစ်ခါ​တော့ ချစ်ရသူနဲ့နှစ်​ယောက်တည်း တစ်ကမ္ဘာတည်​ဆောက်ချင်တယ်​လေ။

​ချောင်းသာကမ်း​ခြေ~~~

ဝါး...သာယာလိုက်တာ...။ တစ်​နေကုန် တစ်ညလုံး ကားစီးလာရ​​တော့ ​တော်​တော်ကို​ညောင်းတယ်။ ဒီက ပင်လယ်ကြီးမြင်လိုက်တာနဲ့ အဲဒီဒဏ်​တွေ​မေ့​ရောပဲ။

** ဦးတာက သုခ​နောက်က​နေ ခါးကိုသိုင်းဖက်တယ်။ ခခရဲ့ပခုံး​ပေါ် ​မေးတင်ရင်း ​ရှေ့က အဆုံးမရှိ​တဲ့ ပင်လယ်ပြင်ကြီးကို ​ငေးကြည့်လိုက်တယ်။ **

"​ပြော​တော့ မ​ကောင်းဘူးဆို"

"ဝါး...မထင်ထား​အောင်ပဲ...ခခ တစ်ခါမှမ​ရောက်ဖူးဘူး"

"​ပျော်လား"

"အင်း​...ပျော်တယ် အရမ်းပဲ"

"ချစ်လား"

"​မေးစရာလို​သေးလား"

"စိတ်ဆိုး​​ပြေပြီလို့ ယူဆလိုက်မယ်​နော်"

ချစ်ခြင်းသက်​သေ ဉာဏ်ကလိမ် | ချစ်ခြင်းသက်သေ ဉာဏ်ကလိမ်Where stories live. Discover now