စာစဉ် ၉ (၂၁-၃၀)
Start from the beginning
ချင်းကျီအိုက်လဲ လည်ဆွဲအကြောင်းပြန်စဉ်းစားမိရင်း အဲ့ဒီနေ့က အိမ်အကူပြန်ခေါ်လာခဲ့တုန်းက လုဘန်ချန်းက သူပြန်ရှာပေးမယ်လို့ ပြောသွားတာပါ ။ အခုရှာတွေ့တာက လုဘန်ချန်းလား ဂူယူရှန်းပဲလားလို့ တွေးမိပြီး ကားထဲ ဝင်တော့မယ့် လုဘန်ချန်းကို "ဘန်ချန်း..."
"အင်း"
လုဘန်ချန်းက ပြန်ထူးလိုက်သည် ။
"ဟို...." ချင်းကျီအိုက် ဘယ်လိုမေးရမှန်းမသိတော့ သွယ်ဝိုက်ပြီး
"နင် လည်ဆွဲ ရှာပေးခဲ့တာလား"
"လည်ဆွဲလား၊ ဘာလည်ဆွဲလဲ"
ဗြုန်းစားကြီးမေးလိုက်တော့ မေ့သွားပြီး နောက်မှ
"အစ်ကိုရှန်း မင်းအတွက် ရှာပေးခဲ့တာ၊ ငါ့ကို မရှာရဘူးတဲ့ ၊
သူ့ဟာသူ တစ်ညလုံး ရေထဲမှာ ရှာထားခဲ့တာ"
သူရှာတွေ့ခဲ့တာလား ။
ချင်းကျီအိုက် ကြောင်သွားပြီး လုဘန်ချန်းကို ငေးကြည့်နေမိသည် ။
"ဘာလို့လဲ လည်ဆွဲရော ပြင်ပြီးပြီလား၊ မင်းကိုပေးလိုက်ပြီလား"
သူက ထပ်ပြီး မေးလာသည် ။
ချင်းကျီအိုက်လဲ စိတ်အေးအေးထားပြီး ခေါင်းညိတ်ပြလိုက်သည် ။
လုဘန်ချန်းလဲ ဂူယူရှန်းကို ရှာချင်တာကြောင့် ပြန်ထွက်သွားဖို့ပြင်လိုက်ပေမည့် ချင်းကျီအိုက်ကိုမြင်တော့ သူတစ်ခုခုပြောသွားသင့်တာကို တွေးမိပြီး ကားပြတင်းချကာ ..
"ဆွဲကြိုးက ပစ္စည်းမကောင်းတော့ ပျက်သွားလို့ ပြင်ရခက်ခဲ့တော့ ကျောက်မျက်ရတနာဆိုင်သွားပြီး သီးသန့်ပြန်အပ်ပေးဖို့ လူရှာရတာနဲ့ သူအချိန်တွေ အတော်ကုန်ခဲ့တာ"
----------------------------------------------------------------------
စာစဉ် ၉ ၊ အခန်း ၂၂။  သိပ်တော့ မပြည့်စုံပေမယ့် ကမ္ဘာမှာ တစ်ခုထဲရှိတဲ့အရာပဲ (2)
ချင်းကျီအိုက် စိတ်အေးအေးထားဖို့ပြင်ခဲ့ပေမယ့် လုဘန်ချန်းစကားကိုကြားတော့ သူမ အတော်
တုန်လှုပ်သွားသည် ။ အားတင်းကာ ပြုံးပြလိုက်ပြီး ..
"ဟုတ်လား"
ချင်းကျီအိုက် ဘာမှပြန်မပြောတာနဲ့ လုဘန်ချန်းက ကားမောင်းထွက်သွားသည် ။
ကားနဲနဲဝေးဝေးရောက်မှ ချင်းကျီအိုက်လဲ ဂိတ်တံခါးပိတ်ပြီး
အိပ်ခန်းထဲ ပြန်လာသည် ။ ဒါပေမယ့် လုဘန်ချန်း
လာသွားတာကြောင့် မအိပ်ချင်တော့တာနဲ့
ခုတင်ပေါ်ထိုင်လိုက်ပြီး သူမ ချထားခဲ့တဲ့ လည်ဆွဲကို ကိုင်ကြည့်လိုက်သည် ။