𝟏 🌺

13.1K 938 225
                                    

Unicode
🌺🌺🌺

*( ကိုယ့် story , Fic တွေကို tiktok မှာလုံး၀ပြန်မတင်ပါနဲ့ ခွင့်မပြုပါဘူး ဘယ်မှာမှပြန်တင်ခွင့်မပြုပါဘူး ကျေးဇူးပြုပီး ရေးပေးထားတဲ့ ကိုယ့်ကို respect ထားပေးပါ ပြန်မတင်ပါနဲ့ မကူးချပါနဲ့ plot တွေလည်းမခိုးပါနဲ့ )*
____×____×____×____

*ဟေ့ရောင် Jungkook ငါတို့ ဒီနေ့ tennis သွားရိုက်ကြမယ်လေ ဘယ်လိုလဲ*

'ဒီနေ့ ဘယ်မှမသွားချင်ဘူးကွာ နောက်နေ့မှပေါ့'

*မင်းကလဲ ! ပီးရောကွာ အာ့ဆိုလည်း ဒါပဲ*

သူငယ်ချင်းက ဖုန်းဆက်ပီး ခေါ်နေတာကို အပျင်းကြီးကာ မသွားဘူးဟု ငြင်းလိုက်ပီး ပြန်နှပ်နေလိုက်သည် ဒီလိုပါပဲ ကျွန်တော့်ဘ၀ကြီးက အရမ်းကိုလွတ်လပ်ပီး အေးချမ်းလွန်းတယ် အခု ကျောင်းပီးသွားပေမယ့် company တွေမှာ မလုပ်ချင်လို့ ဒီတိုင်း ပန်းဆိုင်လေးဖွင့်ထားတယ် ပိုက်ဆံကတော့ မပူရပါဘူး ကျွန်တော့်မိဘတွေ မဆုံးခင်က ထားသွားတဲ့ အမွေတွေကတစ်သက်စားမကုန်တာမို့

Jung kook တစ်ယောက်အိပ်ပီးနိုးလာတော့ ညနေတောင် စောင်းနေပီလေ သူ့ပန်းဆိုင်ကလည်း အပျင်းကြီးပီး ဖွင့်လိုက်မဖွင့်လိုက်နဲ့ပင် ဖွင့်ရင်လည်း အချိန်ကမမှန် သူသွားချင်တဲ့အချိန်မှသာ သွားပီးဖွင့်တတ်သည် ပန်းဆိုင်ဖွင့်ထားသည်ဟူ၍ နူးညံ့တယ်ဟု မထင်လိုက်နဲ့ တခြားစားသောက်ဆိုင်ဘာညာထက် ပန်းဆိုင်ဖွင့်ရတာက လွယ်တာမို့ ဖွင့်ထားခြင်းပင်

ကပ်စီးကုတ်ကာ ဝန်ထမ်းလည်းမငှားပေ သူကိုယ်တိုင်ကလည်း အမှန်တော့ ပန်းအကြောင်းလည်းသိပ်မသိတာမို့ လာပို့ထားသမျှပန်းတွေမှာ နာမည်တွေကပ်ထားပီး လာဝယ်တဲ့သူတွေပြောတဲ့ဟာကို နာမည်တိုက်ရှာပီး ထုတ်ပိုးပေးလိုက်ခြင်းပင် လှလှလေးထုတ်ပိုးတတ်တာပင် တော်သေးသည်လို့ ပြောရမည်

'ဝှါး ဒီအချိန်တောင် ရှိသွားပီလား ဆိုင်သွားလိုက်ပါအုံးမယ်လေ'

အဲ့လိုနဲ့ Jungkook မှာအပီရှိုင်းပီး ထွက်လာကာ ကားမယူတော့ပဲ ဟိုးဘက်လမ်းနားကဆိုင်ဆီကို လမ်းလျှောက်လာရင်း လမ်းကဆိုင်တွေကိုကြည့်ရင်း Magic shop လို့ရေးထားတဲ့ ချစ်စရာဆိုင်လေး တစ်ဆိုင်ကို တွေ့ပီး စိတ်ဝင်စားနေမိသည်

𝐌𝐲 𝐋𝐨𝐯𝐞 𝐅𝐫𝐨𝐦 𝐀𝐧𝐨𝐭𝐡𝐞𝐫 𝐖𝐨𝐫𝐥𝐝Where stories live. Discover now