"ကျစ် အဲ့ဒီကားကိုမသုံးချင်ပါဘူးဆိုကွာ"

တစ်ကယ်ဆိုပကာသနတွေမပါဘဲနေချင်ခဲ့ပေမယ့်မိဘတွေကလိုအပ်ရင်သုံးဖို့ဆိုပြီးအတင်းပေးထားတဲ့ကားကိုမသုံးမဖြစ်သုံးရတော့မယ် မဟုတ်ရင်ထိုကလေးကိုစိတ်ပူလို့သေသွားနိုင်သည်မဟုတ်လား
အဲ့ဒါကြောင့် Condo ပေါ်တစ်ခါပြန်တက်ကာ ကားသော့ယူရင်းမြန်မြန်သွားဖို့ပြင်ရတော့တယ်

Gun ရဲ့တိုက်ခန်းရှေ့ကအဖြတ် အံ့သြသွားတာတစ်ခုက ဆိုင်ကိုလှမ်းကြည့်မိတော့ဖွင့်ထားပြီးတာပဲ
ဒါဆို Gun လုပ်ပေးထားတာများလား
ဟုတ်တာပဲ သူ့ကိုဆိုင်သော့အပိုပေးထားခဲ့တာပဲ
ကားကိုဆိုင်ရှေ့လမ်းဘေးမှာသေချာကပ်ရပ်ပြီးဆိုင်ထဲဝင်တော့
Gun ကကောင်တာပေါ်ကိုခြေထောက်နှစ်ချောင်းတင်ထားကာ အိပ်ငိုက်နေတာလား အိပ်ပျော်နေတာလား
သေချာတာကတော့သူအိပ်နေတာပါပဲ

"ကလေးရေ ဘာလို့အစောကြီးပြန်သွားတာလဲ
ဦးနဲ့အတူပြန်လို့လည်းရတာပဲမဟုတ်လား"

တော်တော်ကြာတဲ့အထိဘာတုန့်ပြန်မှုမှထွက်မလာတာကြောင့်
ချီခေါ်ပြီးစတိုခန်းထဲက Sofa ပေါ်ရွှေ့ပေးမယ်လို့ စဥ်းစားရင်း လက်ကိုသူ့လည်ပင်းနဲ့ပေါင်ပေါ်တင်လိုက်တော့

"အိပ်နေတာမမြင်ဘူးလား ခင်ဗျားကိုပြောထားမယ်နော် ကလေး ကလေးနဲ့မခေါ်နဲ့ ကျွန်တော်ကလေးမဟုတ်တော့ဘူး"

မြင်လား ဒီကောင်လေးကကြားရဲ့သားနဲ့တမင်ပြန်မပြောပုံက

"အင်းသိတာပေါ့ အရွယ်ရောက်ပြီးသားမှန်း"

"ဘာ"

ခပ်ညစ်ညစ်ပြောကာ ရယ်လိုက်တော့
Gun ကအလိုမကျသလိုကြည့်တယ်
ဒီနေ့ Gun ဘာဖြစ်နေပါလိမ့် ခါတိုင်းနေ့တွေလိုမဟုတ်ဘူး
စိတ်ထဲထင်လို့နေမှာပါလို့သာတွေးပေမယ့်လည်း
ထူးဆန်းတဲ့ခံစားချက်ကြီးရနေပြန်တယ်

"ဘာမှမဟုတ်ဘူး အိပ်ချင်ပြန်အိပ်လိုက်လေ "

"အလုပ်ကဘယ်အချိန်လဲ"

"ဘယ်အချိန်လုပ်ချင်လဲ"

ဝတ်ထားတဲ့အင်္ကျီပွပွနဲ့ဘောင်းဘီပွပွကိုသတိထားမိတော့သူမသိအောင်ကျိတ်ရယ်ရသေးတယ်
သိအောင်ရယ်ရင်ရန်တွေ့ခံရဦးမှာလေ
အတော်လေးကြီးနေပြီးဖရိုဖရဲဖြစ်နေပုံလေးကတစ်ကယ်ကိုအသည်းယားစရာကောင်းလွန်းနေတယ်
အိပ်ရာထတည်းကမဖြီးရသေးတဲ့ဆံပင်ခပ်ရှုပ်ရှုပ်တွေကလည်း မြင်ပါများတော့ Gun နဲ့တစ်ကယ်ကိုလိုက်ဖက်နေတယ်လို့ ထင်ရလောက်အောင်ကိုပဲ
နဂိုကအသားသိပ်မဖြူဘူးလို့ထင်ခဲ့ပေမယ့်ခုနောက်ပိုင်းမှသတိထားမိလာတာ Gun ကအသားအတော်ဖြူတယ်
ရောင်ဖောင်းနေသေးတဲ့နှုတ်ခမ်းဖူးဖူးလေးတွေက အနည်းငယ်စိုနေသယောင်ရှိတာကြောင့် ဆွဲနမ်းလိုက်ချင်စိတ်ကိုမနည်းထိန်းနေရတာခက်ခဲလွန်းတယ်

Sex At 7/11 (completed)Where stories live. Discover now