ကုတင်ပေါ်ကနေ.. ကန်ချလိုက်တဲ့မင်ထျန်
ကြောင့် အမူးသမားကွမ်ယောင်ကတော့
ကြမ်းပြင်ပေါ် ခြေကားယားလက်ကားယားနဲ့အကျနာခဲ့ရပြီ။

''အားယိုး...နာလိုက်တာ..''

မင်ထျန်ကတော့ သူ့သားကိုဖက်ပြီး အနားကလုံးဝခွာမပေး..ကွမ်ယောင်ကိုသူ့ဘက်ကနည်းနည်းလေးမှမျက်နှာသာမပေး..
''နှာဘူးကောင် သေသေ..အဲ့မှာ..''

မျက်စောင်းခဲပြီးမင်ဝမ်လေးကိုချီကာ..
အခန်းလွတ်တခုထဲဝင်သွားတဲ့မင်ထျန်..
''ငါ့နောက်လိုက်မလာနဲ့.. နှာဘူးကောင်။''

ကွမ်ယောင်ကတော့ မျက်နှာကြီးရှုံ့မဲ့စွာနေရာမှာပဲ ကျန်နေခဲ့တော့တယ်။
'ငါစိတ်ရှည်ရမယ်..အချိန်ပေးရမယ် ထင်တာပဲ.. ဟူးးး..မူးတဲ့အမူးလေးတွေတောင်
ဘယ်ဆီရောက်သွားမှန်းမသိဘူး...မင်ထျန်ရာ ငါ့ကို ခုထိလက်မခံနိုင်သေးဘူးလား။'

ဝမ်ရိပေါ်အိမ်ကိုရောက်တာနဲ့ သူ့ရဲ့အားရှန့်နဲ့ ဝမ်ဝမ်လေးကို အရင်ရှာတယ်။
သားဖနှစ်ယောက်ကို တွေ့တော့မှ စိတ်အေးလက်အေး သက်ပျင်းချလျှက်..
''ဟူးးးတော်သေးတာပေါ့..''

''အားရှန့်...သမီးအိပ်သွားပြီလား..''

''အင်း..ဟုတ်တယ်ကော ဝမ်ဝမ်လေးအိပ်သွားပြီ.. ကောရဲ့သမီးက ဒီနေ့လိမ်မ္မာနေတယ်လေ အစောကြီးအိပ်သွားလို့။''

''ချောင်လျန်ကော မျက်နှာလဲမကောင်းပါလား..ဘာဖြစ်လို့လဲ။''

ရိပေါ်ဘေးနားက စိတ်အိုက်နေတဲ့ ချောင်လျန်ရဲ့ပုံစံကို ရှောင်ကျန့်မြင်ပြီး အကဲခတ်
ကာမေးလိုက်လေခြင်းပဲ။

''အားရှန့်..ဒီနေ့ ပြသနာအနည်းငယ် ဖြစ်တယ်။
ရှောင်ပိုင်ကောနဲ့ မင်ဝမ်လေးကို
ပြန်ပေးဆွဲသွားကြလို့..''

''ဘာ...ပြန်ပေးဆွဲတယ်..ဘယ်သူတွေကလည်း ကောရာ။''

''ကွမ်ယောင်... သူနဲ့ ရှောင်ပိုင်ကောနဲ့က အရင်ကပက်သက်မှုရှိခဲ့ကြတယ်။
မင်ဝမ်လေးက ကွမ်ယောင်ရဲ့သားပဲ အားရှန့်။''

မျက်လုံးဝိုင်းလေးတွေနဲ့ရှောင်ကျန့်သူ့ရဲ့နှုတ်မှလည်း ''မယုံနိုင်ခြင်းများစွာပဲ..ကောရာ။''

သတ်ပုံမှားတဲ့🔥 အတ္တ 🔥(Completed) حيث تعيش القصص. اكتشف الآن