** သုခစကား​ကြောင့် ဦးတာမှာ ​ကြောင်​တောင်​တောင်။ **

"ဟိုမှာ ​ပြောင်းဖူး​စေ့... ​ပြောင်းဖူး​စေ့က ဘာလို့အခန်းထဲ​ရောက်​နေရတာလဲ"

** အဲဒီအချိန် မြေကြွက်ကြီးတစ်​ကောင်အခန်း​ရှေ့ကဖြတ်သွားတယ်။ အခန်းထဲက​နေ အရိပ်ကိုသာမြင်လိုက်ရတယ်။ **

​သေချာတယ်။ ဟို​ကောင်​တွေပဲ​နေမှာ။ သင်းတို့ကအဲလို​ပေါ့​လေ။

"ဦး ခဏ​နေဦး"

​အ​ရေး​ကောင်းရင် ဒိန်း​ဒေါင်းဖျက်တဲ့​ကောင်​တွေ။ ငါနဲ့​တွေ့မယ်။

ခခလည်း တံခါးနားကိုကပ်သွားလိုက်ပြီး...

"အဟမ်း...အဟမ်း... ဦး ခခမလုပ်နိုင်ဘူးထင်တယ်"

ခပ်ကျယ်ကျယ်​အော်မှ အပြင်က​ကောင်​တွေကြားမှာမလား။ ရန်ဖြစ်ချင်​ယောင်​​ဆောင်ပြီး ဒီ​​​ကောင်​တွေအိပ်ပြီဆိုမှ ခခတို့လုပ်ငန်းစမယ်​လေ ဟုတ်တယ်မလား။

** သို့​​ပေမဲ့ ဦးတာကို ကြိုတင်တိုင်ပင်ဖို့​မေ့သွားခြင်း။ ဦးတာလည်း ခခစကား​ကို အတည်မှတ်လို့ ခါး​တောင်းကျိုက် လက်ခ​​မောင်းခတ်ပြီးခါမှ ဝင်ထိုးခွင့်မရှိ​တဲ့ လက်​ဝှေ့သမားကြီးနှယ်။ **

"ဘာ ဘာလို့လဲ ခခ...ခုနကပဲ ခခ​ပြော​တော့"

"ရှူး...အဲဒါ ခုနက​​လေ...အခုမတူ​တော့ဘူး"

"ဟ...အမျိုးမျိုးပဲ ... ကို့မှာ အဆင်သင့်ဖြစ်​အောင် ဘယ်​လောက်ပြင်ဆင်ခဲ့ရလဲသိလား"

"ခခ​တောင်းပန်ပါတယ် အဟင့်"

​တောင်းပန်တယ်ဆို​ပေမဲ့ အသံကကျယ်ရ​သေးတာ။ အ​ရေးကြီးတာ အပြင်ဘက်က​ချောင်းနား​ထောင်​နေတဲ့​ကောင်​တွေ ရှင်းရှင်းလင်းလင်းကြားရဖို့ပဲ။

"ကျစ်...အခုဘယ်လိုလုပ်မှာလဲ"

"ဒီတစ်ရက်​တော့ ထားလိုက်​တော့​လေ​နော်...​နော်လို့ ဦး"

** ဦးတာ စိတ်​ပေါက်သွားပြီ။ စုတ်သတ်ပြီး ​ခေါင်းကိုထိုးဖွရင်း ကုတင်ဆီပြန်သွားပြီး ​ခေါင်းအုံးဖိလို့ ဖင်​ထောင်အိပ်​တော့တယ်။ **

ဒီ​လောက်ဆို ဟို​ကောင်​တွေ အ​ခြေအ​နေကိုသ​ဘော​ပေါက်​လောက်ပြီထင်ရဲ့။ ညလယ်​လောက်ကျမှ ဦးကိုပြန်အသိ​ပေးရမယ် ဟီးဟီး။ ဒီလိုနဲ့ ဟိုလှိမ့်ဒီလှိမ့်ရင်း နာရီကြည့်လိုက်တာ နှစ်နာရီထိုးပြီ။ အို​ခေ...ခုချိန်ဆို ဒီ​ကောင်​တွေသွား​လောက်​ရော​ပေါ့။ ​သေချာ​အောင် တံခါးဖွင့်ကြည့်မိ​တော့ အပြင်မှာ တစ်​ကောင်တစ်မြီးမှ မရှိ​တော့ဘူး။ အချိန်ကျပြီ။ ဦးကို ထပ်​ပြောရမယ်။

ချစ်ခြင်းသက်​သေ ဉာဏ်ကလိမ် | ချစ်ခြင်းသက်သေ ဉာဏ်ကလိမ်Där berättelser lever. Upptäck nu