Part 🔟

609 50 2
                                    

Unicode

Prince & Me 
Season of  relation ( Part 10 )

😍 😍 😍 😍 😍

" နေကောင်းရဲ့လား  Gulf
မျက်နှာကနွမ်းနေသလိုပဲ  ပြီးတော့ 
ကိုယ့်ကို စိတ်ဆိုးပြေသွားပြီလား  "

ရေကန်ကြီးဘေးမှာ ရှိတဲ့
တန်လျားခုံတန်းလေး‌ ပေါ်မှာ
ထိုင်လိုက်ကြရင်း နွမ်းနယ်နေသလို
ဖြစ်နေတဲ့ Gulf မျက်နှာလေးကို
သူ အသေအချာကြည့်
လက်‌ လေးကိုကိုင် လိုက်ကာ 
MEW မေးလိုက်မိတယ်  ..

" နေကောင်းပါတယ် နေပူထဲ
လမ်းလျှောက်တာများသွားလို့
မင်းတို့အိမ်ကို လိုက်ရှာလိုက်ရတာ
တွေ့ပြန်တော့လည်း မင်းနာမည်ရင်းကို
ငါမေ့နေလို့ အစောင့်ကို မေးလို့မရ
ဖြစ်နေတာ အဲဒါကြောင့်"

"ငါ့အမှားပါ ငါ သူတို့ကိုမပြောထားမိဘူးကွာ
အရင်တိုင်းပဲ ခေါ်ပါ ငါ အစောင့်တွေကို
မှာထားလိုက်မယ် နော်  Gulf .. "

" Tharn .. ဘယ်လိုဖြစ်နေတာလည်း "

Gulf မျက်နှာလေးကို MEW ဖွဖွလေး
လိုက်ကိုင်ကြည့် ပြီး ပြောလိုက်တယ် ..
ပါးပြင်လေးကိုကိုင်ကြည့်နေရင်းနဲ့ 
MEW  စိတ်မထိန်းနိုင်တော့ပဲ
နမ်းလိုက်တော့တယ် ..

သူ့မျက်နှာကို လက်နှစ်ဘက်နဲ့
အတင်းကိုင်ထားပြီး နမ်းနေတဲ့ Tharn
လက် ကို ကိုင်ရင်း Gulf ပြောလိုက်တယ်

" လွမ်းနေတာပေါ့ကွာ မင်း လာမလားလို့
ငါ စောင့်နေတာ ..
အိမ်‌ပြန်ရောက်တော့လည်း
မာမီက ကုမ္ပဏီ အလုပ်တွေ
တစ်ခါတည်း သင်ခိုင်းတော့တာ  ..

ဖုန်းလည်းသိမ်းလိုက်တယ်လေ
Noကိုလည်းမာမီကမှာထားတော့
အကူအညီက တောင်းမရနဲ့
ငါ ဘယ်လိုမှ လှုပ်မရဖြစ်နေတာ ..

မင်းကို ဖုန်းဆက်ချင်‌နေတာ 
အဲဒီရက်တွေကို  ငါ ဘယ်လို
ကျော်ဖြတ်နေရတယ်ဆိုတာ
မင်းသိရဲ့လား "

Gulf ကိုယ်လုံးလေးကို သူ့ပေါင်ပေါ်
ချီတင် ထား လိုက်ပြီး  MEW
သူ့အကြောင်းကို ပြောပြလိုက်တယ်

" အဲဒါတွေထားလိုက်ပါတော့
ငါလည်း မှားသွားတာပါ Tharn
ဒေါသကြောင့် ငါ လုပ်ခဲ့တဲ့ အပြုအမူက
မင်းအပေါ်မှာ တစ်ဖက်သတ်ဆန်သလို
ဖြစ်သွားခဲ့တယ် ငါ့ကိုလည်း
ခွင့်လွှတ်ပါနော် Tharn .. "

Prince & Me(Season of relation)Season_1Where stories live. Discover now