Part 6️⃣

568 46 3
                                    

Unicode

Prince & Me 
Season of  relation ( Part 6 )

😍 😍 😍 😍 😍

" မဲ့ ဒီကြာဇံသုတ်က စပ်လိုက်တာ
Tharn စားနိုင်မှာမဟုတ်ဘူး "

ထမင်းစားပွဲပေါ်က ကြာဇံသုတ်ကို
စားကြည့်ပြီးGulf သူ့အမေကို
လှမ်းပြောလိုက်တယ် ..
Gulfတို့က အစပ်စားနိုင်ပေမယ့်
Tharn.က‌‌တော့သူတို့လိုမဟုတ်
အစပ်မစားနိုင်တယ် ...

" ဟင် ဟုတ်လား Gulf
ကျုပ် အစပ်လျော့ထားပါတယ် ..
Tharn သား အရမ်းစပ်နေလား "

" ရတယ် မဲ့  ဒီမှာ တခြားဟင်းတွေနဲ့
စားလို့ရပါတယ် ..  "

" Gulf ရပါတယ် ငါ တခြားဟာနဲ့
စားလို့ရတာပဲ မဲ့ကို အလုပ်ရှုပ်အောင် "

သူ့အတွက် တခု ခု ထ လုပ်ပေးဟန်
ပြင်လိုက်တဲ့ Gulf အမေကို တားလိုက်ရင်း
Gulf ကိုလည်း MEW လှမ်း ပြော လိုက်‌တယ် ..

" အဲဒါတွေ ဒီဟင်းတွေနဲ့စား
မင်းမစားနိုင်တာကိုဟန်လုပ်စားမနေနဲ့ "

ကြာဇံသုတ်ခွက်ကိုနေရာရွေ့လိုက်ရင်း
တခြားဟင်း‌ခွက်တွေကို Tharn အနား
Gulf ချပေးလိုက်တယ်

ပါးစပ်ကသာ နားဝင်ချိုအောင်သိပ်ပြီး
မပြောတတ်ပေမယ့် Gulf ရဲ့
အတွင်းစိတ်က ချိုပါလားလို့
MEW တွေ့လိုက်မိတယ် ...

အရင်က‌‌တော့ အိမ်မှာလည်း
အငယ်ဆုံးဖြစ်ပြန် အကြီးတွေကလည်း
အကိုယောက်ျားလေးတွေပဲဆိုတော့
တစ်ယောက်နဲ့တစ်ယောက် ညီအကိုတွေ
ချစ်ခင်ကြပေမယ့် ဂရုစိုက်ပြီး
လုပ်ပေးကိုင်ပေးတာသိပ်ပြီးမရှိခဲ့ကြ ...

သူတို့ကို အမေဖြစ်သူကပဲ
ဂရုတစိုက် ရှိခဲ့ရတယ်
Gulf ဒီလိုတခြားသူတစ်ယောက်ကို
ဂရုတစိုက်ရှိတာ မြင်လိုက်ရတော့
ဒေါ်ခွန်စူဇန် သူ့သားငယ်ကိုမသိမသာလေး
အကဲခပ်သလိုကြည့်လိုက်တယ် . .

Gulf မျက်နှာရဲ့သွင်ပြင်ပုံစံ
သူ့သူငယ်ချင်းအပေါ်မှာ ကြည့်တဲ့
အကြည့်တွေကို ဒေါ်ခွန်စူဇန် ကြည့်ပြီး
အဓိပ္ပယ် ဖော်ကြည့်မိတယ် ..

ဘယ်လောက်ပဲ တောသူတောသားဖြစ်ပါစေ
ဒီလို့ အငွေ့အသက် အရိပ်အယောင် ဟာ
ဘာဆိုတာတော့ သူ သဘောပေါက်သလို
ရှိလိုက်တယ် ..

Prince & Me(Season of relation)Season_1Where stories live. Discover now