Part 9️⃣

548 53 4
                                    

Unicode

Prince & Me 
Season of  relation ( Part 9 )

😍 😍 😍 😍 😍

" Gulf နိုးလာပြီလား ဒီမှာမင်းကို
Tharn ဒါလေးပေးသွားတယ်
မင်း လာမှာကို သူအမြဲစောင့်နေမယ်
လို့လည်းပြောသွားတယ်  "

အိပ်ယာကနိုးလာတဲ့ Gulf ကို 
Tharn ပေးခဲ့တဲ့လိပ်စာကတ်လေး 
Gulf လက်ထဲ Leo ထည့်ပေးလိုက်ပြီး
Tharn မှာခဲ့တဲ့စကားကို ပြောပြလိုက်တယ် ..

Leo လှမ်းပေးတဲ့ ကတ်ပြားကို
Gulf စိတ်မပါလက်မပါနဲ့ ယူလိုက်ကာ
စာပွဲ အံဆွဲထဲ ထည့်လိုက်တော့တယ် ..
ဆေး သောက်ထားပေးမယ်လည်း
အဖျားရှိန်ကရှိနေသေးတော့ Gulf
နေရတာ မအီမလည်ကြီး ဖြစ်နေရတယ် ..

" Gulf သက်သာလား ဆေးခန်းသွားမလား "

" ရတယ် Leo ငါဆေးထပ်သောက်လိုက်မယ်
ကိစ္စမရှိဘူး မင်းတို့လုပ်စရာရှိတာလုပ်ကြ "

သူတို့ကိုပြောပြီး သန်စင်ခန်းထဲဝင်သွားတဲ့
Gulfကို လိုက်ကြည့်ပြီး Tharn အဆောင်မှာ
မရှိတော့တဲ့ အကြောင်း ပြောပြလိုက်ရင်
ကောင်းမလားလို့Leo နဲ့ Fait တွေးလိုက်
ကြတယ် ..

" Tharn သူ့အိမ်ကို ပြန်သွားပြီး Gulf "

ပြောစရာရှိတာပြောလိုက်တာပဲ
ကောင်းပါတယ်ဆိုပြီး  Leoတို့
Gulf ကို  လှမ်းအော်ပြောလိုက်တယ် ..

သန့်စင်ခန်းထဲက မှန်မှာ ကိုယ့်ကိုကိုယ်
ကြည့်ရင်းGulf မျက်နှာပြင်ပေါ်မှာ
အရိပ်အယောင်ပုံစံတွေ
အမျိုး မျိုး ပြောင်းလဲနေတော့တယ် ..
သူ့ယုံကြည့်မှု့ကို ဒီလို လိမ်ရက်တယ်ဆိုတဲ့
အတွေးတွေက Gulf စိတ်ကို ပိုပြီး
နာကျင်ဒေါသ ဖြစ် နေ စေတော့တယ် ...

😍 😍 😍

Gulf သူ့ဘေးက လက်တွေ့လုပ်တဲ့ 
ခုံအလွတ်လေး ကို ကြည့်ပြီး  Tharn ကို
သတိရမိနေတယ် ..
Tharn ကျောင်းကရော သူ့အနားကရော
ထွက်သွားတာ  တစ်လကျော်သွားခဲ့ပြီ ..

သွေးပူနေတုန်းတော့  သူ့ကို
လိမ်ညာတယ်ဆိုတဲ့ စိတ်နဲ့Gulf
စိတ်ဆိုးစိတ်နာဖြစ်ခဲ့ပေမယ့် .

တဖြေး ဖြေး သွေးအေးပြီး
စဉ်းစားကြည့်တော့
သူ့ဘဝသူ့အကြောင်းကိုသာ
Tharn  မပြောခဲ့ပဲရှိ‌ခဲ့ပေမယ့်
သူ့အပေါ်ကို ချစ်တဲ့ အချစ်ကတော့
စစ်မှန်ခဲ့တယ်လို့ Gulf တွေးမိလာတယ် . .

Prince & Me(Season of relation)Season_1Where stories live. Discover now