☕Love-with Collaboration❤ Part 83(B)

Start from the beginning
                                    

"မင်္ဂလာပါ Classic Family Ice-cream Shopမှ ​နွေး​ထွေးစွာ ကြိုဆိုပါတယ်~~~~~"

❤ : ခုံကမြင့်​နေ​တော့ တက်လို့မရဘူး ဟုတ်လား သားသား....... လာလာ ဦးဦး တင်​ပေးမယ်.......

ဆိုင်ကဝန်ထမ်း​တွေရဲ့ ကြိုဆိုနှုတ်ခွန်းဆက်စကားကို သူ့မှာ ပြန်မ​ဖြေအား ​ခေါင်းတစ်ချက်သာငြိမ့်ပြလိုက်ရင်း ​ပေါက်စ🐯ကို ထိုင်ခုံ​ပေါ် ​အဆင်​ပြေ​ပြေရောက်​ရှိအောင် ချီပြီးတင်​ပေးကာ ​သူ့ဘေးနားဝင်ထိုင်​​ပေးတော့ ကျွန်​တော်လည်း Mr.Sup ရဲ့သားဖြစ်သူ🐉​ဘေးကို ဝင်ထိုင်လိုက်ရပြီ..........

"မင်္ဂလာပါခင်ဗျာ.......သာယာ​သော ​နေ့ရက်​လေးဖြစ်ပါ​စေ ခင်ဗျာ့.........

ဆရာတို့အ​နေနဲ့ ဘာ​ရေခဲမုန့်​လေးများ သုံး​ဆောင်ချင်သလဲ မသိဘူး​ခင်ဗျာ......."

❤ : သားတို့​ ရော့ ဒီမှာ Menu.....စားချင်တာ....

🖤 : ​အင်း ချောကလက်​ရေခဲမုန့် ၃ပွဲ​ပေးလိုက် ငါ့ညီ......

တစ်ပြိုင်ထဲ ထွက်ကျသွားတဲ့ စကား၂ခွန်းကြားမှာ waiterကလည်း "ဟုတ်ကဲ့​" တစ်ခွန်း ပြောပြီး ​သွားမှာလိုက်ရ​တော့မှာလိုလို....... ​အော်ဒါ​​ဆက်ကောက်ဖို့ရာအတွက် ဆက်ပြီးပဲ ရပ်​ပေး​နေရမလိုလိုနဲ့ ချီတုံချတုံ ဖြစ်​နေရပြီ......

❤ : အကို မှာဦးမှာ ခဏ​​​လေးနော်.....

"ဪ....ဟုတ်ကဲ့ဗျ...."

❤ : ကို့....​ဒီမှာ က​လေး​တွေက ​ခုမှ Menu ကြည့်တုန်းကို ဘယ်နယ့် ​ချောကလက်​ရေခဲမုန့်တစ်မျိုးထဲ ၃ ပွဲ​ကြီးတောင် မှာ​နေရတာတုန်း........

🖤 : ​ဟောဗျာ...... က​လေးတို့ပဲ အ​စောက  ​ချောကလက်​ရေခဲမုန့် စားချင်လို့ဆိုပြီး ​ကို့ကို ပြော​နေတာ​လေ........

❤ : အမ်...ဘယ်တုန်းက​ ပြောရ​သေးလို့တုန်း.....

🖤 : ဟာ စပျစ်ခင်းထဲမှာ​လေ.......

❤ : အင်း ​ရေခဲမုန့်စားမယ်လို့ ကို့ကို​ပြောတာ​လေ......

🖤 : ဟမ်???​ ဦးဦး ချောကလက်ရေခဲမုန့်စားချင်တယ်ဆိုပြီး ​ပြောကြတာ​လေကွာ.......

❤ : အာ ကပ်ရှုတ်​နေပြီ ကိုက......ဒီလို ကျွန်​တော်ရှင်းပြမယ်....... ဦးဦး​ချောကလက်က သက်သက် ​ရေခဲမုန့်ကသက်သက်......

Classic Love 🖤 ❤Where stories live. Discover now