''မင်းကို ငါစီမံခိုင်းထားတာပဲ..ကြည့်လုပ်လိုက်လေ..
ငါ့ကို နောက်ထပ်ဘာသတင်းမှ မပြောနဲ့
ငါ စိတ်အိုက်တယ်။''

''ဟုတ်...''

ကွမ်ယောင်ရဲ့အရှေ့မှာ ငုတ်တုတ်ထိုင်ပြီး
တရှုတ်ရှုတ်ငိုနေပြန်တဲ့မင်ဝမ်လေးကြောင့်

''ပါးပါးရဲ့မင်ဝမ်လေးက ဘာလို့ဒီလောက်ထိငိုနေရတာလဲ...ပါးပါးကိုပြော..''

''ပါးပါးရှောင်ကိုတွေ့ချင်တယ်..သားရဲ့ပါးပါးဆီလိုက်ပို့ပေး...အဟင့်..အီးးးဟီးးးဟီးး''

ဘာစားစရာမှမစားပဲ အခန်းထဲ သောင်းကျန်းနေတဲ့ မင်ထျန်ကလည်း သားဖြစ်သူကိုသာ အော်ခေါ်နေပြန်တယ်။

''ဟောက်ရွှမ်း.. ဟောင်ကောင်ကို ဘယ်အချိန်ရောက်မှာလဲ..''

''မနက်လောက်ပါ boss...''

''ငါ့သားက သူ့အဖေကိုလွမ်းနေပြီဆိုတော့
မင်ထျန်ကိုသွားခေါ်လာခဲ့လိုက်။''

''ဟုတ်...boss''

''မင်ဝမ်..ပါးပါးဆီလာခဲ့ မငိုရဘူးလေ...''

ကလေးက သူ့အနားမကပ်ပဲ ငြင်းဆန်နေပြန်တယ်။
''ကျစ်...ပါးပါးခေါ်ရင်အနားလာ
မင်ဝမ်ဒီလိုခေါင်းမာနေရင် ပါးပါးရှောင်နဲ့မတွေ့ခိုင်းပဲနေလိုက်မှာနော်။''

ငိုရင်း အနားရောက်လာတဲ့မင်ဝမ်လေး...
''ပါးပါးရှောင်ကို ခေါ်ပေး...''

''မျက်ရည်စိုနေတဲ့မျက်ဝန်းတွေက သနားစရာပဲ...ပါးပါးကို မင်ဝမ်လေးကကြောက်နေတာလား။''

အင်းလို့ ခေါင်းငြိမ့်ပြတဲ့ သူ့သားကြောင့်..

'ငါကအဲ့လောက်ထိ ကြောက်စရာကောင်းနေပြီလား ငါ့သွေးသားက ငါ့ကို မနှစ်မြို့တဲ့
အကြည့်နဲ့ အကြည့်ခံရတာ ဘယ်မှာမုန်းစရာပါလို့ပါလိမ့်'
သူ့ကိုယ်သူ မေးမြန်းနေမိတဲ့ ကွမ်ယောင်

မကြာပါဘူး မင်ထျန်ကို ခေါ်ပြီးရောက်လာတဲ့ဟောက်ရွှမ်း...''boss ကျွန်တော်ကိုဘာခိုင်းစရာရှိသေးလည်း။''

''ရပြီ..မင်းသွားတော့ ဟောက်ရွှမ်း.. အကြောင်းရှိရင် ငါခေါ်လိုက်မယ်။''

''ဟုတ်ကဲ့...''
အခန်းတံခါးကိုပိတ်ပြီး ထွက်သွားတဲ့ဟောက်ရွှမ်း။

သတ်ပုံမှားတဲ့🔥 အတ္တ 🔥(Completed) Tahanan ng mga kuwento. Tumuklas ngayon