မျက်လုံးတစ်ဖက်မှိတ်ပြီး​ပြော​သော​ဒေါက်တာ​ကြောင့်သူ့အ​တွေး​တွေပြန်ရပ်ကာစကားလမ်း​ကြောင်းလွှဲရန်ကြံရသည်။

တကယ်ပဲ...မလွယ်ဘူး။စားရတာနဲ့မကာမိ​အောင်ပြန်​ကျွေးရတယ်။

"ဒါ ဘယ်လို​ခေါ်လဲ။​ဒေါက်တာ စားလို့​ကောင်းလို့ ​နောက် မှာစားမလို့"

"ဇာမဏီမျက်ဝန်းတဲ့..."

"ဟင်..."

ဇာမဏီမျက်ဝန်းကိုဇာမဏီတစ်​ကောင်စား​နေခြင်း​ပေါ့...

ဇာမဏီမျက်ဝန်းကိုစား​နေရင်း အံ့ဩသလို​မော့ကြည့်​သော မဏီ့မျက်ဝန်း​တွေကိုခံစားချင်လာ၍စိတ်မထိန်းနိုင်​တော့ဘဲအနားသို့တိုးကပ်သွားလိုက်သည်။

အဝါ​ရောင်ဖက်ထုပ်​လေးကပန်းကန်ထဲပြုတ်ကျသွားကာ မဏီဆိုဖာ​ပေါ်တွန်းလှဲခံလိုက်ရ​လေသည်။

"ကိုယ်ပြန်စားကလှည့်​နော်"

မဏီ့မျက်လုံး​တွေမှိတ်ကျသွား​လေပြီ။

အဲ့​နေ့ကဂျူတီကုတ်ဖြူဖြူမှာအချဥ်ရည်​တွေ​ပေကုန်လို့ ထိုသူ့အင်္ကျီကိုပြန်​လျှော်​ပေးရ​သေးသည်။ထို​သူနဲ့​တွေ့တိုင်းက​ဗြောက်က​သောက်ဖြစ်ရတာအခါခါ...

~~~~~~~~~~~~~~~~~~~~~~~~

Microwaveထဲမှာ​နွှေးထားတဲ့ဝက်နံရိုးကင်ကိုကြည့်ရင်းခရင်းကိုက်ပြီးသားရည်ကျ​နေရ​​သောတောက်​တောက်...

"အား...ကျက်ပါ​တော့ ....အချိန်မပြည့်​သေးဘူးလားကွာ"

အစားအ​သောက်နဲ့ပတ်သက်ရင်နှစ်ခါမ​ခေါ်ရသူ​လေးက မည်မျှပင်စားရပါ​စေ အမြဲဆာ​လောင်​နေတတ်သည်။မသိသူဆိုချဥ်ခြင်းတက်နေမည်ထင်မှာအမှန်...

"အသည်းတုံး​လေး ဘာလုပ်​နေတာလဲ ခရင်းကြီးထိုးမိဦးမယ်"

ခါးကိုဖက်ပြီးလာချွဲ​နေ​သောလင်​တော်​မောင်ကိုအာရုံမ​ရောက်...သူ့စိတ်ကိုအပြည့်အဝဖမ်းစားထားတာက​ လေး​ထောင့်မှန်ခန်း​လေးထဲကဝက်နံရိုးကင်သာ......

"ရှလွတ် စားချင်လာပြီ။ အီး ဟီး ကျက်ပါ​တော့လို့"

အ​နောက်ကဘဲကြီးခမျာမရိုးမယွနှင့်ဆွဲလုပ်ပစ်ချင်စိတ်ထိန်းထားရသည်။

 Being His Man OR Cupid Lady(Fujoshi)Completed💚Where stories live. Discover now