ထိုပါးလေးကို ထိကြည့်ကာ ကိုက်ချင်စိတ်ကိုလည်း မနည်းပင်ထိန်းထားရသည်။သူခေါင်းကိုတွင်တွင်ခါလိုက်ပြီးမှ ဖုန်းကိုပြန်ကြည့်လိုက်သည်။ဒီတစ်ခေါက်ကြည့်မိတာကတော့ ဆောင်းဦးရဲ့မျက်ဝန်းလေးတွေပေါ့။မျက်မှန်တပ်ရသည့်သူဖြစ်သောကြောင့် နှာရိုးဘေးနားကမျက်တွင်းလေးတွေကတော့ ချိုင့်နေသည်။သို့ပေမယ့်မျက်မှန်အောက်က မျက်ဝန်းလေးတွေကတော့ကြည်တောက်နေဆဲ။
နောက်တစ်နေရာကတော့ သူ့ရဲ့နှုတ်ခမ်းပါးလေးတွေ၊နှုတ်ခမ်းလေးတွေက ပါးပါးလေးဖြစ်နေပြီး သူ့ဘာသာသူပန်းရောင်ဖျော့ဖျော့လေးသန်းနေသည်။ရာသီဥတုကအေးလို့လားတော့မသိ၊နည်းနည်းခြောက်ပြီးကွဲချင်သလိုလိုဖြစ်နေသည်။ဆောင်းဦးရဲ့နှုတ်ခမ်းကိုကြည့်နေရင်းပင် သူလျှာကိုသပ်လိုက်မိသည်။
"ထက်ဘုန်းညီ မင်းဘာတွေတွေးနေတာလဲ"
သူ့ဘာသာသူသတိတိုးတိုးလေးပေးလိုက်ပြီးနောက် ကိုယ့်ခေါင်းကိုယ်ခေါက်လိုက်သည်။သူထိုပုံတစ်ပုံတည်းကိုပင် ထိုင်ကြည့်နေသည်မှာ ဘေးပတ်ဝန်းကျင်ကိုပင် ဂရုမစိုက်နိုင်လောက်အောင်ဖြစ်နေသည်။နောက်ဆုံးဖြိုးဉာဏ်၏အသံကြားမှသာ အသိပြန်ဝင်လာတော့သည်။
"ထက်ဘုန်း ဟေ့ရောင်"
"ဟင် ဘာလဲ"
"မင်းဆောင်းဦးနားကပ်လိုက်ပါလား၊မင်းတို့ကိုဓာတ်ပုံရိုက်ပေးမလို့"
ဆောင်းဦးဘက်ကိုကြည့်လိုက်တော့ ဆောင်းဦးကဖြိုးဉာဏ်ကိုခေါင်းခါပြနေသည်။
"ဖြိုးဉာဏ် ငါဓာတ်ပုံမရိုက်ချင်ဘူး။မင်းသိရဲ့သားနဲ့ကို"
"မင်းကလည်းခရီးသွားတာအမှတ်တရဖြစ်အောင် တစ်ပုံတလေတော့ရိုက်လေကွာ။နော် လုပ်ပါနော်"
"အင်းပါ ပြီးရော ပြီးရော"
"ဟဲဟဲ ဒါမှပေါ့။ထက်ဘုန်းသူ့ဘေးနားကိုကပ်ပြီးပုခုံးကိုဖတ်လိုက်နော်"
"ဟမ် အင်း ဒီလိုလား"
ထက်ဘုန်းကသူ့ပုခုံးကိုဖက်လိုက်တော့ ဆောင်းဦးအသက်အောင့်လိုက်မိသည်။မျက်နှာတွေနီမလာအောင် စိတ်ကိုအတတ်နိုင်ဆုံးငြိမ်အောင် ထားနေရသည်။အခုတလော ထက်ဘုန်းသူ့အနားရောက်လာတိုင်း ဘာလို့ရင်တွေခဏခဏတုန်နေလဲသူ့ကိုယ်သူလည်းသေချာမသိတော့။သေချာတာကတော့ လောလောဆယ်သူ့ခံစားချက်တွေရှုပ်ထွေးနေသည်။
CZYTASZ
My Nerdy Boy
RomansYou're not my ideal type but still,you make my heart flutter uncontrollably. Note-This fiction is just my imagination.Thank you. Start date-1/11/2020 End date-21/2/2021
Chapter-33
Zacznij od początku