🤍 အပိုင်း 14 🤍

Start from the beginning
                                    

အမြဲ ကိုကိုမဆွတ်ခင် ညွတ်ခဲ့ရတဲ့ ခခဟာ ဒီတစ်ခေါက်မှာလဲ ​ကိုကိုက လေပြေအေး
လေးနဲ့ တစ်ခွန်းနှစ်ခွန်းပဲ ပြောရသေးသည်.... ခခက အရည်ပျော်သွားပြီ ဖြစ်သည်.......

ရှမ်းခေါက်ဆွဲရောက်လာတော့ ကိုကိုက
ခခ ပန်းကန်လေးအား နှံ့အောင်မွှေပေး
သည်..... ပြီးမှ ကြက်အရေခွံကြော်
လေး ၃ဖတ်ကို ခခ ပန်းကန်ထဲထည့်ပေး
သည်.....

"ကိုကိုလဲ ထည့်စားလေ "

ခခကလဲ တို့ဟူးကြော်လေး တစ်တုံးကို
ကိုကို့ပန်းကန်ထဲ ပြန်ထည့်ပေးသည်....

အခုက ခခနဲ့ ကိုကိုက မြို့ထဲမှာ ဗိုက်ကို ဆေးခန်းသွားပြပြီးအပြန် ကိုကိုခေါ်လာသည့် ရှမ်းခေါက်ဆွဲဆိုင်တွင် ရှမ်းခေါက်ဆွဲ ၀င်စားနေကြခြင်းဖြစ်သည်.....

ခခကိုယ်၀န်က 6 လကျော်ပြီမို့ ဒီနေ့လဲ ကလေးတွေ အနေအထား မှန်မမှန်ကို ထပ်ပြီး ultrasound ရိုက်လာခဲ့တာဖြစ်သည်......

ကလေးတွေလို့ပြောရခြင်းမှာ ခခဗိုက်ထဲတွင်ရှိနေသည်မှာ အမြွှာလေး၂ယောက် ဖြစ်၍မို့ပင် .......

သားလေးရယ် သမီးလေးရယ် ၂ယောက်တောင် တစ်ပြိုက်နက်ထဲ ရောက်လာမှာ ဖြစ်၍ ကိုကိုက အပျော်ကြီး ပျော်နေရှာသည်.......

ခခကိုလဲ လိုလေသေးမရှိအောင် ဂရုစိုက်သည်......

ကိုယ်၀န်ရှိစက ခခဟာ မမမေပယ်လ်
ညီမဆိုတာသိသွားရင် ခခကို မုန်းကြမယ်လို့ ထင်ခဲ့ပေမယ့် တကယ်တမ်း သိသွားတဲ့
အခါမှာ အမေရော ကိုကြီးဝေရောက လက်ခံပေးခဲ့ကြသည်......

နောက်တော့မှ ပြန်သိခဲ့ရတာက လက်မခံလို့မရအောင် ကိုကိုက ခြိမ်းခြောက်ခဲ့သည်တဲ့လေ ......

ခခ က သူ့ရင်သွေးလေးလွယ်ထားရပြီမို့
ခခကိုလက်မခံဘူးဆိုရင် သူလဲ ခခနဲ့အတူ
ဒီအိမ်နဲ့ ဝေးရာကို ထွက်သွားတော့မည်
လုပ်၍ အမေတို့မှာ မနည်းနားချရသည်....

အခုတော့ ပြဿနာတွေ အားလုံး ပြေလည်သွားပြီဖြစ်သည်.....

ကိုကြီးဝေလဲ အခုဆို ပုံမှန်အလုပ်ပြန်တက်နေပြီဖြစ်သည်..... မမမေပယ်လ် အခုထိ လိုက်တောင်းပန်နေပေမယ့် ကိုကြီးဝေက ပြတ်သားစွာဖြင့် လက်မခံသေး
ပါ .....

🤍 Unrequited Love Means 🤍Where stories live. Discover now