Chapter《10 and 11》

Börja om från början
                                    

အမေကတော့ သူ့ရဲ့ဆွဲဆောင်မှုအပေါ် လှုပ်ရှားမှုမရှိပေ။ သူ့စကားလုံးတွေ သူမနားထဲ ဝင်လာတဲ့အခါမှာတော့ ချက်ချင်း ဒေါသပေါက်ကွဲတော့သည်။

တစ်ညနေလုံး ပြုံးရလွန်းလို့မျက်နှာက အကြောတွေတောင် တောင့်တင်းနေရတဲ့ အမေတစ်ယောက်အနေနဲ့ သူမရဲ့အဖိုးတန်ပြီး လိမ္မာယဉ်ကျေးတဲ့ ကောင်လေးကို တစ်ယောက်ယောက်က ဆိုးဆိုးဝါးဝါးပြောတာကို သူမကြားလိုက်ရတာလား? သူမဘယ်လိုလုပ်အဲ့ဒါကို လက်ခံပေးနိုင်ပါ့မလဲ?

အမေကထခုန်လိုက်ပြီး ဒေါသတကြီး မျက်မှောင်ကျုံ့ကာ အော်တော့သည်။

"ကျွန်မရဲ့ဟန်ဟန်လေးက ဆိုးတယ်လို့ ဘယ်သူပြောလဲ? သူကဒီကမ္ဘာကြီး တစ်ခုလုံးမှာ အလိမ္မာဆုံး၊ အေးဆေးတည်ငြိမ်ဆုံးနဲ့ လူကောင်းလေးတစ်ယောက်ဖြစ်နေပြီ, သိရဲ့လား? ရှင်သူ့ကိုဘယ်လိုများ ပြုမူဆက်ဆံနေရတာလဲ? ပြိးတော့ ရှင့်သားအကြောင်း ရှင်ပြောရဲသေးတယ်ပေါ့လေ? တစ်နေ့လုံး ရှင်သိသမျှက ရှင့်ရုံးခန်း၊ ရှင့်ကုမ္ဗဏီ၊ ရှင့်အလုပ်တွေကြီးပဲ, ရှင်ကရှင့်ရဲ့ ကလေးတွေနဲ့တောင် အချိန်ကုန်ချင်တာ မဟုတ်ဘူးအဲ့ဒါကို... အဲ့ဒါကိုမိဘဝတ္တရား ပျက်ကွက်တယ်လို့ခေါ်တယ်! အခုတစ်လော သူနေလို့မကောင်းတာရော ရှင်သိရဲ့လား? အဲ့ဒါသူက လုံခြုံမှုမခံစားရတော့လို့ ဖြစ်လိမ့်မယ်! ရှင်ကဘယ်လိုအဖေမျိုးလဲ? ပြီးတော့သူက လူကောင်းလေးမဟုတ်ဘူးလို့ ရှင်ပြောရဲသေးတယ်ပေါ့လေ? သူကစကားနားထောင်ဆုံး ကလေးရှင့် ဟုတ်ပြီလား? သူကဒီနေ့ကျွန်မကို ချစ်တယ်လို့တောင်ပြောတာ!"

ပြောရင်းဖြင့် သူမကခေါင်းကိုပင် ဂုဏ်ယူဝံ့ကြွားစွာ မြှောက်ထားသေးသည်။

'လူသားတွေငါဆီလာပြီးမနာလိုကြလော့!' ဟုသူမရဲ့မျက်နှာတစ်ခုလုံးရေးထားသည်။

ဖုရန်ကတော့ ထိုးနှက်ခံလိုက်ရသည်။ ဘယ်လိုလုပ်သူ့ရဲ့ ကောင်စုတ်လေး အကြောင်းကို သူမသိပဲနေမှာလဲ? သူက? လူကောင်းလေး? လိမ္မာတယ်?
သူ့အပြုအမူတွေကသာ အပြုအမူကောင်းလို့ ပြောလို့ရရင် ဒီကမ္ဘာပေါ်မှာ 'ဆိုးတဲ့ကလေး' ဆိုတာတောင် ရှိမှာမဟုတ်တော့ဘူး!

(Completed) Reborn as a good childDär berättelser lever. Upptäck nu