"2"

21.1K 2.7K 548
                                    

[Zawgyi]

ထယ်ေ​ယာင်းသည်​​အိမ်​ပြန်​​ရောက်​သည်​နှင့်​ဂျီဂျီ​လေးအား​ရေမိုးချိုး​ပေးရသည်​၊
က​လေးရဲ့အဝတ်​အစား​တွေဘာ​တွေ​လျှော်​​ပေး ထမင်းဘူး​တွေ​ဆေး​ပေးနှင့်​ သူသည်​သာအ​မေ သူသည်​သာအ​ဖေ၊

သမီးငယ်​ကို​တော့​ရေချိုး​ပေးပြီးသည်​နှင်​စာလုပ်​ခိုင်းထား​လေသည်​၊
ညစာအတွက်​ပါအကုန်​ပြင်​ဆင်​ပြီးခါမှ သူလည်း​ရေချိုးပြီးအဝတ်​လဲရသည်​၊
ဆင်​စွယ်​​ရောင်​ဆွယ်​တာအပွ​လေးနှင့်​မီးခိုး​ရောင်​​ဘောင်းဘီရှည်​ကိုရိုးရိုးရှင်းရှင်း​လေးတွဲဝတ်​လိုက်​​ပေမယ့်
မွေးကတည်းကဘုရား​သခင်​​ပေးစွမ်းထားသည့်​ရုပ်​အဆင်းအင်္ဂါပြည့်​စုံမှု​ကြောင့်​ ​ထိရက်​စရာမရှိ​အောင်​ပင်​လှလွန်းသည်​၊
ဂျီဟွမ်း​လေးသာသူ့အနားမှာအမြဲရှိမ​နေရင်​ သူ့ကိုက​လေးအ​ဖေမုဆိုးဖိုတစ်​​ယောက်​ဟု မည်​သူတစ်​ဦးတစ်​​ယောက်​ကမှထင်​မည်​မဟုတ်​၊

ထမင်းစားပွဲအ​သေး​လေး​ပေါ်သို့ဟင်းပန်းကန်​ထမင်းပန်းကန်​တို့ကိုအစီအရီတင်​လိုက်​သည်​၊
ဒီ​နေ့လည်း အရွက်​​ကြော်​ပင်​၊

စားပွဲမှထလာပြီးသူ့သမီး​လေးရဲ့အခန်းဆီထွက်​လာခဲ့သည်​၊
အခန်း​ရှေ့​ရောက်​သည်​ အခန်းထဲမှ မပီကလာပီကလာစာကျက်​သံကိုကြားရသည်​၊

နှုတ်​ခမ်းပန်းနု​ရောင်​ထက်​တွင်​အပြုံးလှလှပြုံးမိပြီး​နောက်

"သမီး​ရေ...ညစာစားကြမယ်​"

ခုံပု​လေး​ပေါ်တွင်​စာအုပ်​က​လေးတင်​လျက်​စာကျက်​​နေ​သောဂျီဂျီ​လေးသည်​ မျက်​လုံး​လေးအ​ရောင်​လတ်​သွား၍ စာအုပ်​အားချက်​ချင်းပင်​ပိတ်​လိုက်​၏
ထို့​နောက်​ကြမ်းပြင်​​ပေါ်တွင်​ထိုင်​​နေရာမှထကာ အခန်းတံခါးအား​ပြေးဖွင့်​​လေသည်​၊

"​ဖေ​ဖေထယ်​ထယ်​...ဂျီဂျီယဲရှာကျက်​ပြီးပြီ"

ထယ်​​ယောင်းကပြုံးပြလိုက်​ပြီးဂျီဂျီ​လေးကိုထမင်းစားပွဲဆီလက်​တွဲ​ခေါ်လာခဲ့သည်​၊
ထမင်းဝိုင်းသို့​ရောက်​​သော်​ဂျီဂျီ​လေးက အရွက်​​ကြော်​ပန်းကန်​ကိုမြင်​ပြီး နှုတ်​ခမ်း​လေးမသိမသာစူမိသည်​၊
ပြီးမှသူ့ကိုဟင်း​ကောင်း​ကောင်းချက်​မ​ပေးနိုင်​၍စိတ်​မ​ကောင်းဖြစ်​​နေ​သောဖခင်​၏မျက်​နှာကြည့်​မိပြီး

NOT//KV[COMPLETED]Where stories live. Discover now