Lay နဲ့ Suho တို့ကလည်း နောက်ကနေလိုက်လာကာ Chanyeol တို့ကားကိုမှီလာသည်။

Lay က Chanyeol တို့ရဲ့ကားကိုဘေးကနေဝင်တိုက်ဖို့ကြိုးစားသည်။ သူတို့ရည်ရွယ်တာက Chanyeol ရဲ့ကားကို ရပ်စေရန်သာ။ သို့သော်....

" ဝုန်း ဒုန်း "

ကားက ကားလမ်းမကြီစထက်၌တစ်ပက်လိမ့်ကာ မှောက်သွားတော့သည်။

" တောက် သောက်ကြောက်ပဲ ကားကဘေးကနေဝင်တိုက်တာ တစ်ခါပဲရှိသေးတယ် လူမိုက်လုပ်နေပြီး -ျီးပဲ "

Lay စိတ်တိုတိုနဲ့ကားရပ်ကာ ကားပေါ်က ဆင်းကာ ထိုကားမှောက်တဲ့နေရာသို့သွားလေသည်။

ထိုစဉ်မှာပဲ ကားထဲကထွက်လာတဲ့ Chanyeol ။ Suho ကလည်း အပြေးသွားလေသည်။

" အုန်း!!! "

" Myeon လေး!!! Chan!! "

Lay ရဲ့အော်သံအဆုံးမှောက်သွားတဲ့ကားက မီးလောင်သွားသလို Suho သည်လည်းလဲကျသွားလေသည် ။ ထို့အတူ Chanyeol သည်လည်း........

_____________________________

Kyungsoo သမီးလေးကို သိပ်ပြီး ချောင်ထဲရေသောက်ဖို့ရေခွက်ကိုယူလိုက်တဲ့အချိန်မှာပဲ....

" ခွမ်း! "

ဖန်ခွက်ဟာ ရုတ်တရက်ကြကွဲသွားလေသည်။

" ဘာဖြစ်တာလဲ Kyungsoo "

" ဖန်.. ဖန်ခွက်! Chan တစ်ခုခုဖြစ်နေပြီထင်တယ် "

" အဆင်ပြေမှာပါ Kyungsoo ရာ "

Baek Kyungsoo ကိုချော့နေသော်လည်း သူကိုယ်တိုင်စိတ်ပူနေမိသည်။

ဟူး ...အ‌ဆင်ပြေမှာပါ...

___________________________

Lay အပြေးသွားခဲ့ပေမဲ့ Myeon လေးက ကားလမ်းမထက် လဲကျနေပြီး ကားကတော့ မီးလောင်နေတာက တစ်ဝက်ကျော်နေခဲ့ပြီ။ Chan ကိုတော့ မတွေ့တော့ပေ။

" Boss!!! "

Chan ရဲ့အတွင်းရေးမှူးကတော့ ကားပေါ်ကနေ ဆင်းကာ Chan ကိုအော်ရှာတော့သည်။

Lay ကတော့ Chan ကိုပဲပြေးရှာရမလား ။ Myeon လေးကိုပဲပြေးပွေ့ရမလား လမ်းပျောက်နေတော့သည်။ သူ့မှာ ကျောက်ရုပ်တစ်ရုပ်လိုသာ...

ဘေးက Chan အတွင်းရေးမှူးက Myeon လေးကိုဆွဲထူမှ အသိဝင်ကာ ပြေးပွေ့ရတော့သည်။

Happy House(U+Z)Where stories live. Discover now