Kyungsoo ရဲ့ ပါးက တံခါးကနေ အသာလှမ်းကြည့်ပြီး ပြုံးနေတဲ့သူ့သားလေးနဲ့မြေး‌မလေးကြောင့် ပြနဆင်းသွားတော့သည်။

_________________________

သတင်းထောက်တွေဝိုင်းနေတဲ့ XXကုမ္ပဏီရှေ့မှာတော့ လုံခြုံရေးတွေ ဖြည့်တင်းနေရသည်။ ဒါပေမဲ့ ထိုသတင်းထောက်တွေမသိတာက ကုမ္ပဏီမှာ ဝန်ထမ်းတွေကလွဲလို့ ဘယ်သူမှမရှိဘူးဆိုတာပင်။ ထိုမြင်ကွင်းကို ကွင်ရာကနေဓာတ်ပုံရိုက်သွားတဲ့လူရှိလေသည်။

" ဟုတ်ကဲ့ အခုချိန်ထိဘာကိုမှမဖြေရှင်းသေးပါဘူး "

" ....... "

" လုံခြုံရေးတွေတိုးမြင့်ထား.......... "

" ...... "

" တောင်းပန်ပါတယ် ကျွန်တော်အခုလုပ်လိုက်ပါ့မယ် ... "

ထိုလူက ဖုန်းချပြီးထိုနေရာမှထွက်သွားဖို့လုပ်နေတုန်းမှာ

" ဒုတ် "

အရိုက်ခံရပြီးမေ့သွားသည့်ထိုလူ။

ရိုက်လိုက်တဲ့လူက ဖုန်းထုတ်ကာ

" ဟုတ်ကဲ့ ဖမ်းမိပါပြီ "

" .... "

" ဟုတ်ကဲ့ အခုပဲသွားလိုက်ပါ့မယ် "

မေ့သွားတဲ့လူကို တစ်စုံတစ်ယောက်က မကာထွက်သွားတာကို မြင်တဲ့သူဘယ်သူမှမရှိလိုက်ပေ။

____________________________

" ဟက် အပုန်းကောင်းပေမဲ့ ငါ့လက်ထဲကလွတ်ပါ့မလား "

အေးစက်နေတဲ့အသံနဲ့ထွက်ပေါ်လာတဲ့အရှိန်အဝါက ဘေးနားက လေထုကိုပါအေးစက်နေခဲ့လျက်......

ဒေါက် ဒေါက်

" အဆင်သင့်ဖြစ်ပါပြီ သခင်ကြီး "

အခန်းတံခါးကိုခေါက်ကာ ဝင်လာတဲ့လူက အဆင်သင့်ဖြစ်ကြောင်းပြောလာခဲ့သည်။

" ကောင်းပြီ သွားကြတာပေါ့ "

လာပြောတဲ့လူကပဲ သခင်ကြီးဆိုသူကို ခေါင်းငုံ့ကာတံခါး ဖွင့်ပေးလိုက်သည်။ ထွက်သွားသည့် သခင်ကြီးဆိုသည့်လူ အတော်ဝေးဝေးရောက်မှ ထိုလူမှာ အသက်ပြန်ရှုနိုင်သည်။ ဒါပေမဲ့ အသက်ရှုဖို့ကို အာရုံမရဘဲ ထိုနေရာကနေ ပြေးလိုက်သွားလေသည်။

Happy House(U+Z)Where stories live. Discover now