မေမြို့ကနေ မနက်အစောကြီးထပြီးဆင်းလာတာတဲ့။ ဇေမင်းက မလာရရင် စာမကျက်တော့ဘူးလို့ စိတ်ကောက်လို့တဲ့။ ဪ...သားအရင်းတုန်းကကျ mailတောင်ဖွင့်မဖတ်တဲ့သူက။ ထားပါလေ...သူများမင်္ဂလာယူချိန်မှာ အကုသိုလ်ပွားမနေတော့ပါဘူး။
ဒါကြောင့် ဟိုကောင်ဝဏ္ဏဆွယ်တာဝတ်ထားတာကိုး။ ဟက်...သောက်ကလေးတွေများ တကယ်မလွယ်ဘူး။
"အဖေတို့လာ...စားတော့မယ်မလား...သားထည့်ပေးမယ်"
"ဖေဖေ...သားအနောက်ထဲသွားဦးမယ်" (ဇေမင်းနိုင်)
"ဘယ်လဲသား...သူများအိမ်မှာလေ...သိလည်းမသိဘဲနဲ့"
အခြေအနေကိုရိပ်မိတဲ့ခခက...
"ဪ...အပေါ့အပါးသွားချင်လို့နေမှာ...လာခခလိုက်ပို့မယ်...အားနာစရာမလိုပါဘူး ရပါတယ်...တေဇော ဦးလေးတို့ကိုဧည့်ခံထားလိုက်နော်"
"အေးအေး"
တကယ်မလွယ်တဲ့ကောင်စုတ်လေး။
အိမ်နောက်ဖေးဘက်~~~
"အထွန်း...ဟိုငနာဘယ်မလဲ...ဒီမှာသူ့ကလေးရောက်နေတယ်လို့"
"ကလေးလေး!!!"
"ကိုကြီး!!!"
အမလေးဟက်။ ခေါ်လာမိတဲ့ငါပဲမှားတယ်။ သယင်းတို့တွေ့သွားပြီဆိုတော့လည်း အိမ်ရှေ့ပြန်သွားတာပဲကောင်းတယ်။
"ကလေးလေး...လွမ်းနေတာ"
"တူတူပဲ...ကိုကြီးကိုတအားလွမ်းနေတာ...ကိုကြီးပေးခဲ့တဲ့ အိစိအိစိလေးတွေကို ညတိုင်းထုတ်ကြည့်ရတာအမော"
"ငါ့ကလေးက စကားတွေတတ်နေတာ"
"အပေါက်ဝမှာပိတ်မနေနဲ့လေ...ဟင်းရည်မှောက်ကျရင် မင်းတို့အပူလောင်တာကိစ္စမရှိပေမဲ့ ဧည့်သည်တွေငတ်မယ်ကွ...ဖယ်ကြ"
ဒီကောင်ငထွန်း သက်သက်မနာလိုလို့ပြောနေတာ အသိသာကြီး။ ကျွန်တော်လည်း ကလေးလက်ကိုဆွဲပြီး အိမ်ရဲ့အနောက်ဘက်ကိုပဲသွားလိုက်တော့တယ်။
အိမ်အရှေ့ဘက်~~~
"တေဇောရေ...မေမေတို့လာတယ် ခေါ်ဦး...ငါဒီမှာ ပန်းကန်တွေသိမ်းရမှာမို့" (သော်ကြီး)
YOU ARE READING
General FictionFirst Chapter Published : Nov 19 2020 Last Chapter Published : Dec 29 2020💌 စိန်ပလိန်တိန် မုန့်လင်မယား မှားနေတယ် မုန့်လင်လင်ကွ... ဪအေး ဟုတ်သား...ဟေ့ကောင်တွေ ပြန်အော်မယ်... စိန်ပလိန်တိန် မုန့်လင်လင်!!!! မုန့်လင်လင်!!!! ~~~~~~~~~~~~~~~~~~~...
Ending
Start from the beginning