အ​မွှေစိန်ပါလား ကျန့်ရယ်။

"ထားပါ​တော့။ ကျန့်ကခိုးတယ်ထင်ရ​​လောက်​အောင် စက်ဘီးကဒီလူ့ဆီဘယ်လို​ရောက်သွားလို့လဲ"

"ဖြစ်စဥ်ကဒီလိုပါ။ ဒီက သူ​ဌေး​​​လေးရိ​ပေါ်ရဲ့ ညီ​လေး.."

"ကျွန်တော့ ညီမဟုတ်ဘူး ကျွန်တော့ ချစ်သူ!စကားကိုပြန်​ပြင်​ပြော"

"​အာ..ဒီက သူ​ဌေး​လေးရိ​ပေါ်ရဲ့ ချစ်သူက အသီးနှံ​တွေ​ဝယ်ဖို့သွားပါတယ်။ ဒီဘက်ကစျေးရုံမှူးက သူခိုး​တွေရှိတယ်ဆိုတဲ့ သတင်း​တွေကြား​တော့ လှည့်လည်ကြည်းကြပ်​နေတာပေါ့ဗျာ။

အဲ့ချိန်မှာ သူ​ဌေးရဲ့ချစ်သူစက်ဘီးကို ​စျေးထဲမှာခိုးလို့အမြဲအဖမ်းခံ​နေရတဲ့ က​လေးသာသာသူခိုး​လေးက တွန်း​ပြေးသွားတာ​တွေ့​တော့ လိုက်ဖမ်းပြီး မိ​တော့ဆူပူကြိမ်း​မောင်း​နေတဲ့အချိန် သူ​ဌေး​လေးရဲ့ချစ်သူက ​​အနောက်က​နေသူ့​ပေါ်တက်ခွပြီးဆော်ထည့်လိုက်တာပါ။ သူခိုး​လေးက​တော့ သူတို့ရန်ဖြစ်​နေတဲ့အချိန် ထွက်​ပြေးသွားပါတယ်"

ဝမ်ရိ​ပေါ် ဆွံ့အသွားသည်။ အခုသူမြင်​နေတဲ့သူရဲ့မျက်နှာကဒဏ်ရာ​​​တွေသည် သူ့အသည်းသက်​​လေးရဲ့လက်ချက်တဲ့လား။

"အဟမ်း! ပိုပိုလိုလို​တွေ​တော့ မ​ပြောချင်​တော့ဘူး။​​ ဆေးခန်းပြပြီးပြီလား"

"ရဲစခန်းက​နေပဲ ​ဒဏ်ရာအနည်းငယ်သက်သာ​အောင်လုပ်​ပေးထားပါတယ်"

"ဒါဆို ​ဆေးခန်းအရင်သွားပြလိုက်။​ ဆေးဖိုးထက်၁၀ဆပြန်​ပေးမယ်။​ နောက်ပြီး ဟိုဟာကိုလည်းသွားစစ်ကြည့်လိုက်ဦး ပြဿနာတစ်ခုခုဖြစ်​နေရင် လိုသ​လောက်ပေးမယ်။ ဘာမှမဖြစ်လည်း​ပေးမယ်"

သူ့စကားကြား​တော့ တစ်ချိန်လုံးငြိမ်ပြီး ဘာစကားမှဝင်မ​ပြောတဲ့ ဒဏ်ရာဗလပွနဲ့စျေးရုံမှူးဆိုတဲ့လူက ​မော့ကြည့်လာသည်။ ဝမ်ရိ​ပေါ်လည်းထိုလူကိုပြန်စိုက်ကြည့်ကာ မျက်လုံးတစ်ဖက်ပင့်ပြလိုက်သည်။

သူ့စကားထဲတွင် ဟိုဟာထက် ​ကြေ​အေးခ ​ပေးလိုက်တာကို ဒီလူသ​ဘော​ပေါက်သား။ ရဲမှူးကြီးလည်း သ​ဘော​ပေါက်သည်။

Bomiro & Julie Zhan [Complete]Where stories live. Discover now