"လာ အောက်ဆင်းမယ်"

လက်ဆွဲကာ ​ရှေ့က​နေဦး​ဆောင်ပြီးခေါ်သွားတဲ့ ဝမ်ရိ​ပေါ်က ​ကျောင်းသွားမယ့်သူ့သား​လေးကို ​ကျောင်းပို့ဖို့ ​​ခေါ်သွား​နေသ​ယောက်။

နည်းနည်း​တော့ အကဲပို၏။

"ကြာသွားလို့ ​တောင်းပန်ပါတယ်အားရီ"

"​အေး​ဆေးလုပ်လည်းရတယ်လို့ အားရီ​ပြောတယ်​လေကွယ်"

"ဟီး! သွားကြမယ်​လေ အားရီ"

"ဟုတ်ပြီ ဟုတ်ပြီ သွားမယ်"

​ဒေါ်ကြီးယွီနှင့်အတူထွက်သွားတဲ့ရှောင်းကျန့်ကို ကျန်ခဲ့တဲ့ဝမ်မားနဲ့ဝမ်ရိ​ပေါ်က မြတ်နိုးလွန်းတဲ့အကြည့်​တွေနဲ့ကြည့်​နေမိသည်။

"သားကျန့်​လေးက သိပ်ချစ်ဖို့​ကောင်းလိုက်တာ"

ဝမ်မားရဲ့စကားကို ဝမ်ရိ​ပေါ်ကခေါင်း​လေး​စောင်းကာပြုံးပြသည်။ ထိုချစ်ဖို့​ကောင်းတဲ့လူသား​လေးကို သူမကြာခင်ပိုင်ဆိုင်ရ​တော့မည်။ သူ့အပိုင်ဖြစ်လာ​တော့မည်။

သူ့အပြုံးရဲ့အဓိပ္ပါယ်ကိုသိတဲ့ ဝမ်မားကလည်း ဝမ်ရိ​​ပေါ်​ကျောအား အသာပုတ်ကာ စကားဆက်သည်။

"ဆိုင်သွားမှာမလား။​ သူ​​ဌေးကဆိုင်မှာမရှိရင် မ​ကောင်းဘူး"

"ဟုတ်မား။ အဲတာဆို သားသွားပြီ"

"​အေး ​အေး"

ဝမ်ရိ​ပေါ်ကား ခြံထဲကထွက်သွားမှ ဝမ်မားလည်းအိမ်ထဲပြန်ဝင်လာလိုက်​တော့သည်။

//////

"ဝါး...."

​​စျေး​ရောက်တည်းက ​ရှောင်းကျန့်မြင်သမျှကို တဝါးဝါးလုပ်​နေသည်။ သူဌေးရပ်ကွက်ကစျေးဆိုသည့်အတိုင်း ​ရောင်းတာ​တွေက လုံးဝစပယ်ရှယ်။

"အားရီ။ ပုစွန်..ပုစွန်ထုပ်ကြီး"

"သားကျန့် စားချင်လို့လား"

"ဟုတ်"

ထိုအခါ အားရီကပုစွန်ထုပ်ဝယ်ကာ ​စျေးခြင်းထဲထည့်သည်။ ထို့​နောက် ​ကော်ဖီ မုန်လာဥနီ ကြည်ဥ နည်းနည်းပါဝယ်ကာ ​စျေးပတ်ပြီးပြန်လာကြသည်။

Bomiro & Julie Zhan [Complete]Where stories live. Discover now