"မျန်မျန်လည်း ပါတာလား"

အ​ပေါ်ထပ်ပြတင်း​ပေါက်က​နေ ဝမ်ရိ​ပေါ် ပြန်လာတာတွေ့လို့ ဆင်းကြိုတဲ့ရှောင်းကျန့်က မျန်မျန့်ကို​တွေ့​တော့မေးလာသည်။

"အိမ်​ရှေ့မှာ​တွေ့တာ ကျန့်"

"​​အော်..အိမ်ထဲဝင်​လေ မျန်မျန်"

"ဟုတ် ..​​ရှောင်ကော​ကော"

ဧည့်ခန်းထဲ​ရောက်​တော့ တိတ်ဆိတ်​နေ​နေသည်။

"မား​ရော?"

"​နေ့လည်စာစားပြီး တ​စ်ရေးတ​စ်မောအိပ်​နေတယ်"

​ရှောင်းကျန့်ရဲ့အ​ဖြေကို ဝမ်ရိ​ပေါ်ကခေါင်း​​လေး တစ်ဆက်ဆက်ညိမ့်ပြသည်။

"ဒါနဲ့မျန်မျန် ​​ကောတို့ဒီ​ရောက်တဲ့​နေ့က ဘာ​တွေ​ဒေါသထွက်​နေတာလဲ"

"​​အဲ့အတွက် ​တောင်းပန်ပါတယ် ​ကောကောရယ်။ အဲ့​နေ့က မမကိုဖွင့်​ပြောတာအငြင်းခံရလို့ စိတ်​တွေရှုပ်ပြီး​တော့ ပါးကျန်းမာ​ရေးအ​ကြောင်းပါသိလိုက်ရတော့ ပါးကိုလည်းစိတ်ပူနဲ့ ခံစားချက်​တွေရော​ထွေးကုန်လို့ ​အော်လိုက်မိတာ တကယ်​တောင်းပန်ပါတယ်"

"ရပါတယ်။​ မျန်မျန် မျက်နှာမ​ကောင်းမှန်းသိ​တော့ ကိစ္စတစ်ခုခုရှိမှန်းသိလိုက်​တယ်​လေ"

"ဟုတ်"

မျန်မျန်နဲ့တော်​တော်ကြာစကား​တွေ​ပြောရင်း ပြန်​တော့မယ်ဆို​တော့မှ ဖိတ်စာ​ပေးလိုက်သည်။

အဲ့​တော့မှ ​ရှောင်းကျန့် ဝမ်ရိ​ပေါ်နားကပ်ကာ သူ စက်ဘီးမှာထား​ကြောင်းပြောလိုက်သည်။

ဝမ်ရိ​ပေါ်က ဝယ်​ပေးမယ်​ပြော​​တော့ စက်ဘီးစီးသင်​ပေးဖို့ပါပြောရသည်။ ဒါလည်း ဝမ်ရိ​ပေါ်က ခွင့်ပြုသည်။ ထိုအစားဝမ်ရိ​ပေါ်က သူ့ကို အသက်ရှူကြပ်​အောင် နမ်းတာခံလိုက်ရပါသည်။

//////


"ရိ​ပေါ် မလွှတ်လိုက်နဲ့​​နော်"

"အင်း အင်း။မလွှတ်ဘူး ကိုယ်ကိုင်ထားတယ်"

ရပ်ကွက်ထဲက ပန်းခြံအ​သေးစား​လေးထဲတွင် စက်ဘီးစီးသင်​နေကြခြင်းဖြစ်၏။

Bomiro & Julie Zhan [Complete]Where stories live. Discover now