"အွန့်!"

အချိန်ကြာလာတဲ့ အကြင်နာအနမ်း​တွေက အသက်ရှူဖို့​တောင်ခက်ခဲလာရသည်။ ရင်ဘက်ကိုအသာထု​တော့ သ​ဘော​ပေါက်လွန်းတဲ့ချစ်ရသူက နှုတ်ခမ်းသားကိုလျှာဖြင့်တစ်ချက်လျက်ကာလွှတ်​​ပေးသည်။

ထို့​နောက် ပါး​လေးနှစ်ဖက်ကိုကိုင်လို့ နဖူးချင်းထိကာ မျက်လုံးမှိတ်ထားသည့်ဝမ်ရိ​ပေါ် ။​ရှောင်းကျန့်က​တော့ ​ကုန်း​ပေါ်ကငါး​လေးလို ပါးစပ်​လေးဟကာအသက်လုရှူနေရတုန်း။

"ရှုခင်းကြည့်မယ်​ပြောပြီး လူကိုမော​​အောင်လုပ်တယ်"

ဝမ်ရိ​ပေါ်ထိထားတဲ့ နဖူးကိုမခွာဘဲမျက်လုံးချင်းဆုံလာသည်။

"ကိုယ့်​ပြောတဲ့ စကားကိုပြန်မ​​​​ပြောရ​သေးဘူး​​​လေကွာ"

"ဘာကြီး?"

"ချစ်တယ်"

"ချစ်တယ် ဝမ်"

ဒီတစ်ခါ နီးကပ်​​နေပြီးသားနှုတ်ခမ်းနှစ်စုံသည် ထပ်မထိမိ။ ထိုအစားလချမ်း​လေးလိုအားရပါးရ ​ကွေးညွတ်​​​နေသည်။

"ဗိုက်ဆာတယ်"

ဝမ်​ရိ​ပေါ်တစ်​ယောက် နဖူးချင်းထိထားရာမှ ခွာကာအားရပါးရရယ်မိ​တော့သည်။

//////

သူတို့နှစ်​ယောက် ယခုည​စျေးတန်းတစ်ခုကို ​ရောက်​နေခြင်းဖြစ်သည်။

"ဝမ် ဟိုဟာစားမယ်"

​ရှောင်းကျန့်ညွှန်ပြရာကြည့်လိုက်​တော့ ငါးအသားလွှာကိုတုတ်ရှည်တစ်ခုတွင်ထိုးကာ ကင်​နေတာကို​တွေ့သည်။

"အင်း"

အ​ဖြေပြန်ရသည်နှင့် ဆိုင်​ရှေ့ကိုဆွဲ​​ခေါ်သွားတဲ့ ​ရှောင်းကျန့်က အစားအ​သောက်နဲ့ပတ်သက်လျှင် အား​တွေအလိုလိုရလာတယ်ထင်သည်။

ထိုငါးတုတ်ထိုးဆိုင်မှာစားပြီးထွက်လာ​တော့
လမ်း​လျှောက်ရင်းနဲ့ထပ်​တွေ့သည်ကပေါက်ဆီဆိုင်။ ထို​နေရာတွင်လည်း ​ရှောင်းကျန့်ရဲ့ "စားမယ်"ဆိုသည့် အမိန့်တစ်ခွန်းတည်းနဲ့ ဝမ်ရိ​ပေါ်မငြီးမငြူဘဲဝင်စား​ပေးသေးသည်။

ထို့​နောက် ထမင်းလိပ်။​ ဟော့​ဒေါ့။ ဂျုံ့​ခေါက်ဆွဲ ​တွေစားပြီးချိန်မှာ​တော့ ​ရှောင်းကျန့်ထပ်စားဖို့
မ​ပြော​တော့သလို လမ်းလည်းမ​လျှောက်နိုင်​တော့​ပေ။

Bomiro & Julie Zhan [Complete]Where stories live. Discover now