"ဟမ်..ဘာ..ဘာလုပ်ရမှာလဲ"

ဝမ်ရိ​ပေါ် အ​ပြောကို ​ရှောင်းကျန့်ကမျက်လုံးပြူးမျက်စံပြူးနဲ့ပြန်​ဖြေလာသည်။

"နမ်းကြမယ်​လေ။ လာပါခန​လေးပဲ"

​ပြောလည်း​ပြောပြီး ​ရှောင်းကျန့်ရဲ့ခါးသိမ်သိမ်ကို ဆွဲဖက်လို့နမ်း​တော့သည်။ သူတို့မသိလိုက်တာ ကလက်ကာပွင့်သွားတာကိုပင်ဖြစ်သည်။

ခုနကလိုမဟုတ်​တော့ဘဲ ချမ်းစိမ့်စိမ့်ကြီးဖြစ်လာတာမို့ ​ရှောင်းကျန့်နမ်း​နေရင်း မျက်လုံး​တွေဖွင့်ကြည့်လိုက်​​တော့ ​တွေ့လိုက်ရတာကစင်​အောက်က​နေ သူတို့နှစ်ယောက်နမ်း​နေတာကို liveကြည့်​နေတဲ့ရွာသားတစ်စုဖြစ်သည်။

​ရှောင်းကျန့်လည်းအလန့်တကြားနဲ့ပဲ ဝမ်ရိ​ပေါ်ကို အတင်းတွန်းထုတ်​တော့မှ ဝမ်ရိ​ပေါ်လည်းသူတို့ ခုဖြစ်​နေတဲ့အ​ခြေ​နေကိုသိ​တော့သည်။

ရှင်း​ပေဦး​ပေါ့ ဝမ်ရိ​ပေါ်ရာ။

//////

သူကြီးအိမ်ဟာဆိုလျှင် ဘာသံမှမကြားရ​​အောင် တိတ်ဆိတ်​​နေသည်။ သူကြီးနဲ့ဝမ်သူ​ဌေးက ပိုဆိုးသည်။ ဦး​မယောင်နဲ့အု​ယောင်က​တော့ ဖြစ်သွားသမျှကိုမယုံနိုင်ဖြစ်​နေကြသည်။​ သူတို့မြင်လိုက်ရတဲ့kiss sceneက​ ယောက်ျား​လေးနှစ်ယောက်မဟုတ်ပါလား။

​ဝမ်က​တော်နဲ့မျန်မျန်က​တော့ပြုံးစိစိ။ တစ်ချက်တစ်ချက် ထထပြီးလည်းလက်ချင်းရိုက်ကာ အူမြူး​နေကြ​သေးသည်။

​ရှောင်းကျန့်က​​တော့ ​ခေါင်းကြီးငုံ့ကာနှုတ်ခမ်း​လေးလည်းကိုက်ထား​သေးသည်။ ဝမ်ရိ​ပေါ်လား။ သူက​တော့ မကြာခင်ရွှေတွင်းတွေ့မှာမို့ မာန်တက်​နေတဲ့ရုပ်မျိုး။

"ကဲ! သူကြီး​ရေ ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်က​တော့ ရိ​ပေါ်နဲ့ သားကျန့်​လေးကိုသ​ဘော.."

"ပါး သ​ဘောမတူလို့မရဘူး​နော်။ ကျွန်တော်တို့က ဟိုဒင်းဖြစ်ပြီးပြီ!!"

သ​ဘောတူတယ်​ပြောမယ့်ဝမ်သူ​​​ဌေးတစ်​ယောက်နင်သွားရသည်။ တစ်ချိန်တည်းမှာလည်း သူ့သားကလက်သွက်လှချည်လားလို့ ​တွေးလိုက်မိ​သေးသည်။ တစ်နည်းအားဖြင့် ဒဲ့ပြောရမည်ဆိုလျှင်​တော့အောက်ပိုင်းသွက်တာ​ပေါ့။

Bomiro & Julie Zhan [Complete]Donde viven las historias. Descúbrelo ahora