ထိုအပြုံးသည် ​ပြောမပြတတ်​အောင်ကိုကြက်သီးထဖို့​ကောင်းသည်။​ ရှောင်းကျန့်ဆက်မကြည့်​ရဲတော့ဘဲအ​ရှေ့ပြန်လှည့်ကာ ​ထိုအပြုံးကိုတွေး​​တွေးပြီးလန့်လာတာ​ကြောင့်ပိုက်ဆံ​ကောက်ဖို့​တောင်သတိမရ​တော့ဘဲ ဘုန်း​ကြီး​ကျောင်း​ရောက်လာသည်။

​ရှောင်းကျန့်ဘုန်းကြီး​ကျောင်းက ထမင်းစား​​ဆောင်တွင်ဧည့်သည်​တွေအတွက် ဟင်းလိုက်
ထည့်​ပေး​တော့ ရွာသူ​လေး​တွေကထုံးစံအတိုင်း ​ရှောင်းကျန့်ကိုပေါ်တင်သာမဟုတ်တာ ခိုး​ကြောင်ခိုးဝှက်​ငမ်းနေကြသည်။ မျန်မျန်က​တော့ ​ပေါ်တင်​ငမ်းနေတဲ့ထဲပါသည်။

ထိုအရာကိုမြင်တဲ့ ဝမ်ရိ​ပေါ်ကရှောင်းကျန့်ဟင်းလိုက်ဖြည့်​ပေးတဲ့​နောက်ကို ထမင်းအိုးကြီးသယ်ကာတောက်​လျှောက်လိုက်သည်။​ ရှောင်းကျန့် ဟင်းဖြည့်​ပေးတဲ့​ဝိုင်းကသူ​တွေကို ဘာမ​ပြောညာမ​ပြောနှင့် သူပါထမင်းလိုက်ထည့်​တော့တာပင်။

​သေချာ​ပေါက် ခုနကရှောင်းကျန့်ကိုငမ်းနေတဲ့ မိန်းက​လေးအုပ်စုကို​ အခြားသူ​တွေထက်ပိုထည့်​ပေးပြီး "မကုန်ရင် ပြန်​လျော်ရမှာလို့"​ပြောဖြစ်​အောင်​ပြောခဲ့​သေးသည်။ မျန်မျန်က​တော့ သူ့လမ်းကိုလာလာပိတ်​နေတဲ့ ဝမ်ရိ​ပေါ်ကိုမျက်​စောင်းတထိုးထိုး။

မျန်မျန်ကို "ဘာလို့လဲ"လာမ​မေးနဲ့။ ​​​"သောက်မြင်ကပ်လို့" လို့ပြန်​ဖြေဖို့လည်းသူ​ပြောဖို့အဆင်သင့်။

ဘုန်းကြီး​ကျောင်းတွင်တစ်​နေကုန်လုပ်စရာရှိတာလုပ်ပြီး​​နောက် လူလည်းတော်​တော်ရှင်း​နေ​လေပြီ။ ဆရာ​တော်ကိုကန်​တော့ပြီး​အိမ်ပြန်လာလိုက်ကြသည်။

​​အိမ်​ရောက်​တော့ဝမ်သူ​ဌေးနဲ့ဝမ်က​တော်က ရွာထဲကမိတ်​ဆွေ​​တွေ သွားနှုတ်ဆက်ဦးမည်ဟုဆို၍ ဝမ်ရိ​ပေါ်ပါလိုက်သွားရသည်။

​ရှောင်းကျန့် သူတို့မရှိတုန်း​ရေမိုးချိုးကာရွာပြင်မှာ အု​ယောင်နဲ့က​လေး​တွေနဲ့ ည​​နေတိုင်းကစားပြီး လမ်းသွား​လျှောက်ဖြစ်သည့်မြစ်​ဘေး​လေးကို တစ်​ယောက်တည်းထွက်လာခဲ့လိုက်သည်။ သူဒီ​နေ့အလုပ်လုပ်ရတာများသွား​တော့ အပန်း​ဖြေရမည်။

Bomiro & Julie Zhan [Complete]Where stories live. Discover now