"......"

​ရှောင်းကျန့်ကနှုတ်ဆက်လိုက်​​တော့ အသံပြန်မလာဘဲ သူ့ကိုစိုက်ကြည့်​နေသည့် ထိုမိန်းက​လေး။​ ရှောင်းကျန့် စိတ်ထင်တာလား​တော့မသိ​ပေမယ့် သူ့ကိုကြည့်​နေသည့် ထိုမျန်မျန်ဆိုသည့်ကောင်မ​လေးကသွားရည်​တွေ​တောင်ကျ​နေသလားလို့။

ဝမ်ရိ​ပေါ် မျန်မျန်ကိုခုံ​အောက်က​​​နေသူ့ခြေ​ထောက်နှင့်တက်နင်း​တော့မှ မျန်မျန်ကသတိပြန်ဝင်လာသည်။

"​တွေ့ရတာ ဝမ်းသာပါတယ်။ ဟိဟိ ချစ်..ချစ်စရာ​လေး​နော်"

"ဗျာ"

"​​အော်...ဟို..​ချော​တယ်​နော်လို့​ပြောတာ"

"ကျေးဇူးပါ"

"လက်ဆွဲနှုတ်ဆက်လို့ရမလား"

ထို​ကောင်မ​လေးက ​ရှောင်းကျန့်ကိုလက်ကမ်း​​ပေးလာ​တော့ ​ရှောင်းကျန့်လည်း လူမှု​ရေးကရှိ​သေးသည်မို့ပြန်နှုတ်ဆက်ရန်လက်​ရှေ့တိုးတော့မျန်မျန့်လက်ကိုဖြတ်ရိုက်ကာ သူ့လက်ကိုလာကိုင်သည့်ဝမ်ရိ​ပေါ်။

"မင်းလက်ဖမိုး​တွေ မဲ​နေတယ်။​ နေ​​လောင်ထားတာလား"

"အင်း...ခုနက ပဲ​ကောက်လာလို့"

"​အော်...ဂရုစိုက်​လေ"

"ရပါတယ်။ ငါသိပ်မပင်ပန်းဘူး အု​ယောင်က ငါ့ကို အများကြီးကူညီ​ပေးလို့"

"အု​ယောင်..."

ဝမ်ရိ​ပေါ် မြို့​ပေါ်​ပြောင်းသွားချိန်တုန်းက အု​ယောင်တို့သားအဖ မ​ရောက်​သေးသည်မို့ မသိခြင်းဖြစ်သည်။​ ရှောင်းကျန့် မိခင်ဆုံးပြီးတစ်ပတ်​လောက်​နေ​တော့ ​ပြောင်းသွားတာဖြစ်ပြီး ယအု​ယောင်တို့ကဝမ်ရိ​ပေါ်တို့ ​မြို့​ပေါ်ပြောင်းပြီးမှ​ရောက်လာခြင်းဖြစ်သည်။

ဦးမ​ယောင်ဝမိရိ​ပေါ်ကိုသိ​နေခြင်းကလည်း သူကြီး​ပြောပြထားတာ​ကြောင့်ပင်။

"မိတ်ဆက်​ပေးမယ် သူ့နာမည်က
အု​ယောင်။ ငါတို့ထက် ၈နှစ်​လောက်ငယ်တယ်"

"​မင်္ဂလာပါ ​ကောနဲ့ကျဲ"

"အင်း"

"ဟယ် ​မောင်​လေးလည်း ​ချောတယ်​နော်"

Bomiro & Julie Zhan [Complete]Where stories live. Discover now