"ဘာလဲဗျ ရှီးဗားလ်က"

"မင်းသိဖို့မလိုဘူး။ ဖယ်! မျက်နှာသစ်ဦးမယ်"

အု​ယောင်ကို တွန်းတိုက်ပြီးဆူပုတ်ပုတ်နှင့်ထွက်သွားတော့ အိမ်​ရှေ့မှာဦးမ​ယောင်နှင့်တွေ့တာ​
ကြောင့် "ပါး​ဘယ်သွားလဲ"​မေး​တော့ အလှူအတွက်ဝယ်ချမ်းဖို့ချက်ပြုတ်ဖို့ ရွာထဲက ​အပျိုကြီးသ​ခေါမတို့အိမ်သွားသည်တဲ့။

​ရှောင်းကျန့်လည်း မျက်နှာသစ်ရင်းဝမ်ရိ​ပေါ်အားမ​ကျေမနပ်နှင့် ကျိန်ဆဲလိုက်သည်။

"ရှီးဗားလ်!! ဝမ်ရိ​ပေါ် ​​ခွေးတ​တောင်းဇား​။
သူအလှူလုပ်မှာကိုကိုယ်တိုင်မလာဘဲ ငါ့ပါးကို
ခိုင်းစား​တယ်"

​ရှောင်းကျန့်မျက်နှာသစ်ပြီး မနက်စာစားကာ
အု​ယောင်နှင့်အတူ ပဲသွား​ကောက်ရသည်။

"​ရှောင်းကျန့်ရာ မင်းဘဝက သူကြီးသားဆိုပြီးလည်းသက်သာတယ်ကိုမရှိဘူး"

သူကဲလို့သူကြီး​လျော်ရ​ပေါင်းများပြီး သူကြီးမွဲမလိုဖြစ်​နေတာ​တော့ထည့်မ​​ပြော​ခဲ့။

"ဆရာ​ရှောင်း​ရေနေပူလာပြီဗျ။ အရိပ်မှာခနသွားနားရင်နားပါလား။ မဟုတ်ရင် ဆရာ​ရှောင်း အသားကနုနု​လေး​တွေရယ်။ နေ​လောင်သွားရင် ဒုက္ခပဲ"

တကယ်လည်းရှောင်းကျန့်ကအသက်၂၂နှစ်နှင့်
မလိုက်​အောင် အသားအရည်က​ကောင်းသည့်အပြင် ရုပ်​လေးကလည်းနုဖက်​​နေ​တော့ ​
​စော်ကြည်သင့်ပေမယ့် သူ့ရဲ့အ​မွှေစိန် ဂုဏ်ပုဒ်​ကြောင့် မည်သူကမှ​ပေါ်တင်အနားမကပ်ရဲ​ပေ။

"အင်း အင်း။ အဲ့တာဆိုလည်း ငါနည်းနည်း​တော့ ရေသာခိုလိုက်ဦးမယ် အု​ယောင်​ရေ"

"ရပါတယ် ဆရာ​ရှောင်းရယ်"

​ရှောင်းကျန့်လည်းအရိပ်ထဲသွားကာ ခ​မောက်တစ်လုံးနဲ့ပဲ​ကောက်​နေသည့်အု​ယောင်ကိုကြည့်​နေလိုက်သည်။ ထိုက​လေးသည်အလုပ်အရမ်းကြိုးစားသည်။ အခုဆိုလည်း သူ့အားနေ​လောင်​တောင်မခံတဲ့ထိုက​လေးက သူ့ကိုနားခိုင်းပြီး သူက​တော့အလုပ်လုပ်​နေ​သည်။ အသက်အရွယ်နဲ့မလိုက်​အောင်လည်း ​ရှောင်းကျန့်ထက်ရင့်ကျက်သည်။

Bomiro & Julie Zhan [Complete]Where stories live. Discover now