တစ်ခါက အ​ဒေါ်ကြီးတစ်​ယောက်အိမ်တွင်လသရက်သီး​တွေ​များ​နေ၍ လာယူခိုင်းသည်ကို ​ရှောင်းကျန့်က အပင်လိုက်လာ'မ'သွားကာ ​ရောင်းစားပလိုက်သည်။ ဇီးသီးကလည်း ထိုအတိုင်းပင်။

ရွာထဲမှာအလှူ လုပ်တုန်းကလည်း သက်သက်လွတ်​ကျွေးသည်ကို မစားနိုင်လို့ဟုဆိုကာ အလှူရှင်အိမ်က အလှ​​မွေးထားသည့်ကြက်ဖကို ကိုယ်တိုင်လိုက်ဖမ်းသည်။ သို့သော် မမိတာ​ကြောင့် စိတ်ဆိုးဆိုးနှင့် တွေ့တဲ့ပေါက်တူးနဲ့ ​ကောက်​ပေါက်လိုက်ရာ ကြက်ဖခမျာ မာလကီးယားသွား​လေသည်။

အလှူရှင်သိ​တော့ ​သွေးတက်ကာ ​မေ့လဲသွားတာ​ကြောင့် သူကြီးမှာ ခါးကျိုးမတက် ​တောင်းပန်ပြီး အ​​လျော်​ပေးလိုက်ရ​သေးသည်။ သူကြီးဆိုသည်မှာလည်း ​ရှောင်းကျန့်​ကြောင့် ရွာထဲမှာ မ​တောင်းပန်ဖူးသည့် သူမှာ မရှိသ​လောက်ကို ခပ်ရှားရှားပင်။

​ရှောင်းကျန့်တို့ အိမ်​ရောက်​တော့ သူကြီးက ခြံထဲကခုံတွင် ဘာစာရင်း​တွေတွက်​နေမှန်းမသိ။

"ပါး ဘာ​တွေလုပ်​နေတာလဲ"

"စာရင်းတွက်​နေတာ​လေ မမြင်ဘူးလား"

"မြင်တာ​တော့ မြင်တာ​ပေါ့ ပါးကလည်း။ ဘာစာရင်းတွေလဲလို့​မေးတာ"

"မင်းနဲ့ဆိုင်လား စပ်စပ်စုစုနဲ့။ သွား..သွား ထမင်းသွားစား"

​ရှောင်းကျန့် အ​ဟောက်ခံလိုက်ရ​တော့ ဆူပုတ်ပုတ်နှင့်သာ ထမင်းစားဖို့ အု​ယောင်နဲ့အတူ အိမ်​ပေါ်တက်သွား​လိုက်​သည်။

"ကျန့်​လေး ထမင်းစား​တော့မလို့လား"

"ဟုတ်ကဲ့ ဦးမ​ယောင်"

​ရှောင်းကျန့်၁၉နှစ်အရွယ်မှာ သူ့မိခင်က မြွေကိုက်လို့ ဆုံးသွားပြီး ဦးမ​ယောင်တို့ သားအဖသည် ​ရှောင်းကျန့်မိခင်ဆုံးပြီးနှစ်ပတ်​​​လောက်နေ​တော့​ရောက်လာကြပြီး အတူနေဖြစ်ကြသည်။ ထို့​ကြောင့် အလုပ်သမားနှင့် အလုပ်ရှင်ဆက်ဆံ​ရေးမဟုတ်ဘဲ မိသားစုဝင်​တွေလို​တောင် ဖြစ်​နေ​လေပြီ။

အု​ယောင်နှင့်ရှောင်းကျန့် ထမင်းစား​​နေရင်းမှ ​ရှောင်းကျန့်က ဦးမ​ယောင်အား​မေးလိုက်သည်။

Bomiro & Julie Zhan [Complete]Where stories live. Discover now