☕ Chemistry between us❤ Part 82

Start from the beginning
                                    

ညတုန်းက ကျွန်​တော်တို့ စံအိမ်ကို ပြန်​ရောက်​တော့ P'Dinက ဖုန်းဆက်​လာသေးတယ်...... ​ဒီ​နေ့ ည​နေဘက် ​သူ့ဂျူတီပြီး​ရင် ဆေးဝါးတစ်ချို့ ပေးစရာရှိတာ​တွေ ​လာပေးရင်းနဲ့ တစ်ချက်လာကြည့်​ပေးမယ်တဲ့​လေ...........

ခုလည်း ​ခြေ​ထောက်နားက ဝတစ်တုတ်၂​ကောင်က ဟိုလှည့်ဒီလှည့်နဲ့ လုပ်​နေ​တော့ သူတို့အ​ဖေ အိပ်​မောကျ​နေတုန်း နှိုးသွားမှာ​စိုးတာနဲ့ အသာထပြီး ပြန်အိပ်​အောင် သိပ်ရ​သေးသည်...........

၂​ကောင်သား ခဏပြန်အိပ်သွား​တော့မှပဲ ကိုကို့​ဘေးနား ပြန်ဝင်လှဲ​လိုက်ရာ ခါတိုင်းလိုပဲ ကျွန်​တော့် ​ကျောပြင်ကို ခပ်ဖွဖွပွတ်သတ်​ပေးရင်းနဲ့ နဖူးစပ်နားက ဆံ​စတွေထဲ အနမ်း​တွေက တန်းပြီး နစ်ဝင်လာရပြီ........

မ​နေ့က ရထားတဲ့ နဖူးကဒဏ်ရာအရှိန်နဲ့မို့ ​ဘေးနားက အသား​တွေကပါ ရုတ်တရက်ထိလိုက်ရင် နာ​နေ​​​သေးတာနဲ့ တစ်ဖက်ကိုလှည့်အိပ်ပြီး အ​နောက်ကို အနည်းငယ်တိုးကပ်လိုက်​တော့ သူ့ရင်ခွင်ထဲကွက်တိဆိုသလို ရောက်ရှိ​သွားရသည်..........

ကျွန်​တော် အဲ့ဒီလို ခန္ဓာကိုယ်ကို တစ်ဖက်​စောင်းလှည့်လိုက်တာ​တောင်မှ ကိုကို့ခမျာ ကျွန်​တော့် ခါးကို ဖက်ထားရက်အတိုင်း မနှိုးလာ​ဘဲ အိပ်​မောကျ​နေရှာတုန်း..........

​ပင်ပန်း​နေရမှု​တွေအတွက် ကျွန်​တော့်မှာ တကယ်အားနာရတာပါပဲဗျာ..........​ထိုလူသားကို ခုလိုကျော​ပေးထားရလည်း မေတ္တာ​တွေအပြည့်နဲ့​ လှမ်းထွေး​ပွေ့ထားတဲ့ လက်တစ်ဖက်​ကြောင့် ခန္ဓာကိုယ်တင်မက ရင်ထဲမှာပါ ​အတိုင်းအဆမဲ့ နွေး​ထွေးရ​သည်...........

​ကျောပြင်က​နေတဆင့် စိမ့်ဝင်​နေတဲ့ သူ့ရင်ခုန်သံ​တွေကိုခံစားရင်း တစ်ဖက်မှာ အလိုလို ပြုံး​နေမိတဲ့အထိ ကိုကိုက ကျွန်​တော့်ကို ညို့ငင်နိုင်တယ်...........

ထပ်တူကျ​နေတဲ့ ရင်ခုန်သံ​တွေနဲ့အတူ အလုပ်ကိစ္စကလည်း ​ခေါင်းထဲ​ဝင်ရောက်လာ​တော့ ကိုယ့် Company က Project ကိစ္စတစ်ချို့အ​ကြောင်းကို ခဏ​တွေး​နေရ​င်း နံရံ​ပေါ် က ပြက္ခဒိန်ဆီ အကြည့်​ရောက်မိ​လိုက်တော့ 9လပိုင်း​ကိုတောင် ​ပြောင်း​ထားပြီး​နေပြီ............

Classic Love 🖤 ❤Where stories live. Discover now