(၇)

2K 210 14
                                    

"သားတို့ မေမေဝင်ခဲ့မယ်နော်"

ဒေါ်သက်ထားတစ်ယောက် မှာစရာရှိနေ၍ ကလေးတွေအခန်းထဲသို့ အသံပြုရင်း ဝင်လာမိခြင်းဖြစ်သည်။ အကြောင်းကား အခြားမဟုတ်။ မြစ်ကြီးနားတွင် ဦးမင်းအောင်​ ဆောက်လုပ်နေသည့် စက်ရုံတစ်ခုက ပြီးလုဆဲဆဲဖြစ်နေသည်။ ဤအကြောင်းကြောင့်ပင် သူတို့ဇနီိးမောင်နှံ မြစ်ကြီးနားကို အားချင်းသွားရမည်ဟု ကလေးနှစ်ယောက်ကို အသိပေးလို၍သာ။

"ဟောတော်။ ဒီညီအစ်ကိုတွေ အေးနေတာကို စောင်လည်းမခြုံကြပြန်ဘူး"

ကုတင်ကလေးပေါ် နှစ်ဦးသားအိပ်ပျော်နေသည်က နှစ်ခြိုက်စွာ။ သုခကား မင်းသုတရင်ခွင်ထဲ ကွေးကွေးကလေး၊ ချမ်းလွန်း၍ဖြစ်လိမ့်မည်။

"သားသု။ သားသု"

ဒေါ်သက်ထားကလှုပ်နှိုးလေတော့ မင်းသုတ အိပ်မှုန်စုံမွှားထလာ​၏။ သုခကတော့ တုပ်တုပ်ပင်မလှုပ်။ ဆောင်းလေအေးအေးမှာ ကွေး၍ကောင်းနေဆဲ။

"သားသု အဖေနဲ့မေမေကိစ္စရှိလို့မြစ်ကြီးနားခဏသွားရမယ်။ အဲ့ဒါ ညီလေးကို စိတ်ချမယ်နော်။ အမေတို့အလွန်ဆုံးကြာ ငါးရက်ပါပဲ။ သားအဆင်ပြေမယ်မလား"

"ဟုတ် ရပါတယ်။ စိတ်မပူနဲ့နော်"

ဒေါ်သက်ထား သတိထားမိသည်။ မင်းသုတက ခခအရှေ့တွင်သာ "အမေ" ဟူသောဝေါဟာရကို ဖောဖောသီသီသုံးလေ့ရှိသည်။ သို့သော်သူမနှင့်နှစ်ဦးတည်းစကားပြောချိန်တိုင်းလိုလိုတွင် တုံးတိသာပြောမြဲ။ မင်းသုတ မှတ်မိနေလိမ့်မည်။ မိမိက မိခင်အရင်းမဟုတ်ကြောင်း။ ဤအကြောင်းများတွေးမိလျှင် သူမ စိတ်မကောင်းရုံကလွဲ၍မတတ်နိုင်သည်မို့ သူမတတ်နိုင်သည့် မေတ္နာတရားကိုသာ အစွမ်းကုန်ပေးထားခဲ့ခြင်းဖြစ်သည်။

"အေးပါ။ အဲ့ဒါဆို အမေတို့သွားပြီနော်။ ကျောင်းသွားရင်လည်း အနွေးထည်ဝတ်သွားဦး"

ဒေါ်သက်ထားအောက်ထပ်သို့ဆင်းသွားပြီးနောက် သူတို့ကားလေးမောင်းထွက်သွားသည့်အချိန်အထိ။ မင်းသုတ မလှုပ်မယှက်ထိုင်နေမိဆဲ။

"ကိုကိုကြီး"

"နိုးပြီလား မျောက်လောင်းလေး"

ကြယ်ပန်းလေးတွေ ဝေမှဖြင့်ကွယ်.....Où les histoires vivent. Découvrez maintenant