10

5.1K 828 78
                                    

ရွာမှာဆို မနက် ၄ချက် ၅ချက် တီးသည်နှင့် တစ်ရွာလုံး အိပ်ယာမှနိုးသည့်အပြင် ယာခင်းသွားမည့်သူကသွား။ တံမြက်စည်း လှဲသူကလှဲနှင့် တစ်နေ့တာကို စတင်နေကြပြီ ဖြစ်သည်။ ရန်ကုန်မှာတော့ မနက် ၈နာရီထိုးသည်အထိ ရာဇာနဲ့မာန်ပြည့်က အခန်းထဲက ထွက်မလာသေး။ သူကသာ စောစောနိုး၍ မျက်နှာသစ် ဘုရားပင် ကန်တော့ပြီးပြီ။

"Hello...မစ္စတာ ရွာဇော်"

ရာဇာ၏ ညီမဖြစ်သူ ပန်ပန်ဆိုသည့် ကလေးမက အိမ်အပေါက်ဝတွင် ဖိနပ်ချွတ်ရင်း သူ့အား နှုတ်ဆက်လာသည်။ မစ္စတာ ရွာဇော်ဆိုပဲ။ သွက်သွက်လက်လက်နှင့် ချစ်စရာကောင်းပါသည်။

"တီချို ပြောပြလို့ရော ညက ကိုကြီးမာန်ပြည့်က chatbox ကနေ ပြောပြလို့ရော မစ္စတာ ရွာဇော်အကြောင်းကို ပန် အကြောင်းစုံ သိပြီးသွားပြီ"

"ဪ..အေး.."

ရွာတွင် အလည်လွန်သည့် နေယပိုင်မှာ ဒီသုံးကောင်နှင့်တွေ့မှ အမြဲ ဆွံ့အနေရသည်။

"ပန်ပန်..မေချိုနဲ့ နေလို့ပြောထားတယ်လေ.."

"ကိုကိုကလည်း..ပန် ကိစ္စရှိလို့လာတာပါ"

ရာဇာက အခန်းထဲမှ ထွက်လာသည်နှင့် သူ့ညီမအား ဆူသည်။

"ရာဇာရာ..သွားစမ်းပါ..မင်း အလုပ်ကိစ္စ ချိန်းထားတယ်မလား..သွား ပြင်တော့ ပန်ပန်ကို ငါရှင်းမယ်"

မာန်ပြည့်ပါ ထွက်လာပြီး တားမှ ရာဇာက စူပုပ်ပုပ်ဖြင့် အပြင်သွားရန် ပြင်ဆင်၏။ သူကတော့ ကြားထဲတွင် အူကြောင်ကြောင်။

"မင်းတို့က အခုမှ တက္ကသိုလ်တက်နေတာမလား..ရာဇာက ဘာအလုပ်လုပ်တာလဲ"

ကြီးဒေါ်ပြောပြတာတော့ ရာဇာက တတိယနှစ်ဖြစ်ပြီး မာန်ပြည့်က ဒုတိယနှစ်တဲ့လေ။ ငွေကြေးအဆင်မပြေတဲ့ပုံလည်း မပေါ်တော့ ကျောင်းတက်ရင်း ပိုက်ဆံရှာစရာ မလိုလောက်ဟု ထင်သည်။

"Translation လုပ်တာ။ အဲ့ကောင်က အလုပ်မရှိရင် မနေတတ်လို့ ကျောင်းပိတ်တုန်း လုပ်တာ"

တကယ်ကို လေးစားစရာပါပဲ။ ယပိုင် သူ့ရှေ့က မာန်ပြည့်ကို ကြည့်လိုက်သည်။ မျက်နှာပင် မသစ်ရသေးဘဲ ပေါင်မုန့်စားနေပြန်သည်။ ဘယ်လိုတွေတောင် တွဲမိကြတာလဲ။

ရွာဇော်၏ ချစ်ဒုက္ခ (ရွာဇော်၏ ချစ်ဒုက္ခ) Complete Where stories live. Discover now