7

5.3K 889 42
                                    

လက်ဖဝါးပြင်ထက် ဖုန်းနံပါတ်လေးတွေကို ကြည့်ပြီး ယပိုင့်မှာ ရယ်ရအခက် ငိုရအခက်။ တစ်ချက်လွှတ် အမိန့်လေးကြောင့် သူ့မှာ လက်ဆောင်ပေးရန် စဉ်းစားရသည်။ လက်ဆောင်လေးကို ကြည့်တိုင်း ညောင်ဦးဒေသထက် နေယပိုင်ဆိုသည့် သူ့အား ပိုအမှတ်ရစေလို၍ တန်ဖိုးထားရသည့် ရော်နယ်ဒို လက်မှတ်ပါ ဘောလုံးလေးအား ပေးလိုက်သည်။ အတုဆိုပေမဲ့ ကိုယ့်ဆီမယ် တန်ဖိုးအကြီးဆုံးကလည်း ဒါပဲ ရှိသည်ကို။

"ဖုန်းနံပါတ်ပေးခဲ့မယ်..ခင်ဗျား ရန်ကုန်လာတဲ့အခါ အကူအညီလိုရင် ဆက်သွယ်ပေါ့..ကျွန်တော်က အညာသားတိုင်းကို မခင်ဘူးနော်..ခင်ဗျားကိုတောင် ကြက်ကင်မျက်နှာနဲ့မို့  ခင်တာ"

ခပ်ချေချေလေး မျက်နှာကိုပင့်ကာ ပြောတော့ သူ့မှာ အသည်းတယားယား။ ရန်ကုန်သားတိုင်း ထိုကဲ့သို့ ချစ်ဖို့မကောင်းတာတော့ ယပိုင်သိပါသည်။ သူလည်း ရန်ကုန်မှာ နေဖူးတာပဲလေ။ သူ့ကို လိမ်တဲ့ အခန်းဖော်ကောင်ဆို မဲမဲသဲသဲနဲ့။
ဒီကောင်လေးကိုက ဆုတောင်းကောင်းလွန်းတာ။

ကောင်လေးအကြောင်းပဲ ပြန်တွေးမိတော့ ခပ်ဟစ ရယ်မိသည်။ ရန်ကုန်သူတွေကိုတောင် မငမ်းနိုင်ခဲ့ဘဲ ရန်ကုန်သားလေးကို လွမ်းနေရတယ်လို့။
သူဟာ ညီလေးတစ်ယောက်ကို ဘယ်လိုတောင် လိုချင်နေတာလဲ။

"ကိုယ်တော့ ရန်ကုန်ကို ခင်တွယ်နေမိတော့မယ် ခန့်ရေ..."

~~~~~~~~~~~~~~~~~~~~~~~~~~~~
"ကိုကို..အမှိုက်ပုံးထဲ ရေနွေးဓာတ်ဘူးက ဘယ်လိုရောက်နေတာလဲ"

ခြေနင်းဖြင့် အဖုံးလှမ်းဖွင့်ရသည် အမှိုက်ပုံးအား ခါးထောက်ကြည့်ရင်း ခန့်ငြိမ်းသာ တစ်ယောက် ဟန်စံတုအား နှုတ်ခမ်းတချွန်ချွန်ပင် ပေါက်ပေါက်ဖောက်နေသည်။

"အဲ့တာက..ဘေဘီပြန်လာမယ်ဆိုတော့ ကိုယ် အိမ်ရှင်းတာလေ..အဲ့တာ.."

မနက်ကပင် လျှော်ပေးထားသည့် ဆံပင်ကို ကုတ်ကာ ဘာဖြေရမှန်း မသိဖြစ်နေသည့် ကိုကို့ ကို ကြည့်ပြီး ကိုခန့် ရယ်ချင်လာသည်။ ကိုကိုက တစ်ခါတစ်လေ ကလေးကျနေတာပဲ။ ပေါ့ပေါ့ပါးပါး ကြုံရာအဝတ်ကောက်စွပ် တတ်သည့် ကိုကိုက ရှပ်အင်္ကျီအစင်းကို ဖိုသီဖတ်သီ ဝတ်ထားသည်။ ဘောင်းဘီဘေးစင်းအမဲက ကိုကို့ရဲ့ အော့လဝေး ဖက်ရှင်။ သို့ပင်မဲ့ ဖိုသီဖတ်သီသာ ဝတ်သော ကိုကိုက အဝတ်အထည်ဆို Brand ကိုသာ ဝယ်သည်။
ပေတေတေ ဂျစ်ကန်ကန်ဆိုပေမဲ့ အိမ်ထဲမှာ laptop တစ်လုံးနဲ့ ငွေတွေဝင်နေသည်ကို သုံးနိုင်သည်ပေါ့။

ရွာဇော်၏ ချစ်ဒုက္ခ (ရွာဇော်၏ ချစ်ဒုက္ခ) Complete Where stories live. Discover now