အပိုင်း(၇)

1.7K 127 0
                                    

အတိတ်သို့ပြန်တူးဆွခြင်း

ဟမ်....ဒီနေ့အလင်္ကာတွေတစ်ယောက်ချင်းမေးမှာဘဲ....သွန်းဝတီတော့ခေါင်းသုံးရပြီ ဟဟ

သွန်းစားပွဲလေးမှာလက်လေးတင်ပြီးမှောက်အိပ်လေသည်၊၊

"သွန်း....ဘာလို့လဲ
နေမကောင်းဘူးလား"

စာမကျက်လို့ဥာဏ်များတဲ့သွန်းက
"အင်း....ငါဗိုက်အောင့်နေလို့"

ဖြူအတန်းပိုင်ဆရာမဆီသွားပြီး
"ဆရာမ...ပရုတ်ဆီလေးရှိလားမသိ
သွန်းဝတီဗိုက်အောင့်နေလို့"

ဆရာမကဖြူကိုကြည့်ပြီး
"သွန်းဝတီကဘာလို့အောင့်တာလဲ....
ဟိုဟာကြောင့်လား"

ဖြူခေါင်းလေးကုတ်ပြီး
"သူကဗိုက်အောင့်တယ်ပဲပြောတယ်
ဆေးတော့သောက်မှာမဟုတ်ဘူး....ပရုတ်ဆီပဲပေးပါ"

သွန်းကတော့ဥာဏ်များနေပေမဲ့ဖြူကတော့စိုးရိမ်ပြီးပရုတ်ဆီတွေလိမ်းပေးလိုက်စာတွေလိုက်ကူးပေးလိုက်နှင့်အလုပ်တွေရှုပ်နေသည်၊၊

ဒီလိုနဲ့မုန့်စာဆင်းချိန်သို့....

အတန်းထဲကလူတွေကလည်းမုန့်စျေးတန်းသွားတဲ့သူနဲ့တစ်နေရာမှာအဖွဲ့လိုက်သွားစားကျတဲ့သူနဲ့ဖြူတို့ပဲကျန်ခဲ့ကြသည်၊၊

ရှိုင်းထမင်းချိုင့်ကိုင်ပြီးအတန်းထဲသို့ဝင်လာလေသည်၊၊

ရှိုင်းသွန်းကိုလက်ညှိုးထိုးပြီး
"နွယ်ဖြူသျှင်...သွန်းဘာဖြစ်လို့လဲ"

ဖြူအသံတိုးတိုးလေးဖြင့်
"ဗိုက်အောင့်လို့ပထမစာသင်ချိန်တည်းကခုံမှာမှောက်အိပ်နေတာ"

"သြော်....ဆေးတွေဘာတွေသောက်ထားလား ဘာတွေစားထားလဲ"

ဖြူ နဂိုတည်းကကြည့်မရသည်မို့မျက်နှာထားခုနစ်ခေါက်ချိုးရှစ်ခေါက်ချိုးဖြင့်
"ပြီးမှငါနှိုးကျွေးလိုက်မယ်....သွားတော့"

"ဒါဆိုငါ,ငါ့သူငယ်ချင်းတွေနဲ့သွားစားတော့မယ်....သွန်းကိုဂရုစိုက်ပေးဦး"

"နင်ဆရာလုပ်စရာမလိုပါဘူး
ကြွကြွ"

ပြတင်းပေါက်ကနေရောင်ကသွန်းမျက်နှာလေးပေါ်ကျရောက်နေတာမို့ဖြူသူ့ခေါင်းလေးကွယ်လိုက်လေသည်၊၊အိပ်ပျော်နေတဲ့သွန်းမျက်နှာအစိတ်အပိုင်းလေးတွေကိုတစ်ခုချင်းဆီလက်ချောင်းလေးတွေနဲ့ထိတွေ့ပြီးသွန်းနှုတ်ခမ်းလေးကိုဖွဖွလေးနမ်းလိုက်လေသည်၊၊

သူငယ်ချင်းထက်ပိုသောWhere stories live. Discover now