ဇာတ်သိမ်း

3K 171 9
                                    

ဖြူသွန်းရဲ့ပခုံးလေးနှစ်ဖက်ကိုခပ်ကြမ်းကြမ်းလေးဆုပ်ကိုင်လိုက်ပြီး
"ဘာလို့လမ်းခွဲချင်တာလဲ....
ငါဘာအမှားလုပ်မိလို့လဲ"
မျက်ရည်တွေနဲ့အော်ဟစ်လိုက်လေသည်၊၊

သွန်းခေါင်းလေးငုတ်ပြီး
"နင့်အမစကားတွေကငါ့မာနကိုထိခိုက်လို့ပါ"

"ဘာ"

ဖြူဒေါသတွေနဲ့အမဖြစ်သူဆီသို့....

"မမ....
တကယ့်ကိုစိတ်ပျက်မိတယ်.....
မမကငွေစကားတော်တော်ပြောပါလား"

အမဖြစ်သူလည်းမနက်စာစားနေတာကိုရပ်လိုက်လေသည်၊၊

"ပိုင်ဆိုင်မှုတွေအကုန်လုံးမမပဲယူလိုက်ပါ
နောက်ထပ်ထပ်ပြီးဖြူ့ချစ်သူကိုလာစော်ကားရင်တော့ဖြူ့အဆိုးမဆိုနဲ့မမ"

"ဖြူမသွားပါနဲ့....
ငါတို့မှာဒီညီအမနှစ်ယောက်ပဲရှိတာ.....
သူဘယ်လိုတွေများသွေးခွဲလိုက်တာလဲ"
ဖြူ့လက်လေးကိုဆွဲကာပြောလေသည်၊၊

ဖြူအမဖြစ်သူလက်ကိုပုတ်ချပြီး
"ဘာကိုသွေးခွဲရမှာလဲ....ကိုယ့်လုပ်ရပ်ကမှန်လားမမှန်လားသာပြန်စဥ်းစားလိုက်ပါ"
ဖြူကျောခိုင်းထွက်သွားဖို့ပြင်လေသည်၊၊

"ငါငွေမမက်ဘူးဖြူ
ကုမ္ပဏီကြီးတည်တံ့အောင်ငါတို့မိသားစုအေးအေးဆေးဆေးနေနိုင်အောင်ကြိုးစားရုံပဲရှိတာပါ....နင့်အချစ်ရေးကိုငါထပ်ပြီးမစွတ်ဖက်တော့ဘူး နင့်သဘောပါပဲ"

"ဖြူတို့ရဲ့အချစ်ကိုစကားလုံးတွေနဲ့ထပ်ပြီးထိုးနှက်ဖို့မစဥ်းစားပါနဲ့"

အမဖြစ်သူလည်းချော့မော့ပြီးဖက်ထားလိုက်လေသည်၊၊

"သွန်း....ဖြူ့အိမ်မှာတူတူနေကြမလား"

သွန်းခေါင်းလေးခါပြီး
"နှစ်ယောက်တည်းပဲအေးအေးဆေးဆေးပဲနေချင်တယ်"

ဖြူသွန်းခေါင်းလေးကိုပွတ်ပေးပြီး
"ကောင်းပါပြီ....သွန်းသဘော"

သွန်းအမှတ်ခြစ်လက်စကိုရပ်ပြီးသူ့ပခုံးလေးကိုလက်သီးနဲ့ထုကာ
"ဟင်း....
ဇာတ်ကြောတွေကလည်းတက်လိုက်တာ"

ဖြူထိုင်နေရာမှထပြီးသွန်းဇာတ်ကြောလေးကိုနှိပ်ပေးလေသည်၊၊

You've reached the end of published parts.

⏰ Last updated: Dec 06, 2020 ⏰

Add this story to your Library to get notified about new parts!

သူငယ်ချင်းထက်ပိုသောWhere stories live. Discover now