အပိုင်း(၁)

4.3K 173 0
                                    


"သွန်း....နင့်အင်္ကျီကဘာဖြစ်လာတာလဲ"

သွန်းဝတီလည်းခုံမှာအမြန်ထိုင်ချပြီးအသက်ကိုဝဝရှုလိုက်လေသည်၊၊

"ငါကျောင်းနောက်ကျလို့ရှေ့မကြည့်နောက်မကြည့်ဘဲပြေးရင်းဝင်တိုက်မိပြီး
ဒီလိုဖြစ်သွားတာပဲ...
ဟဲဟဲ...အအေးလောင်းချခံရ"

သွန်းစပ်ဖြဲဖြဲလေးနဲ့ပြောတာကိုဖြူမျက်စောင်းလေးထိုးပြီး
"ကျောင်းစတက်တဲ့နေ့မှာတောင်ပျာယာစခတ်ပြီ...ရော့ သုတ်လိုက်"

ဖြူလက်ကိုင်ပဝါလေးကိုသွန်းလက်ထဲထည့်ပေးလိုက်သည်၊၊

သွန်းသူ့အင်္ကျီလေးကိုသုတ်သော်လည်းအင်္ကျီအဖြူကအကွက်ကြီးမှာတော်တော်နဲ့ပျောက်မသွားပေ၊၊

ဆရာမအတန်းထဲသို့ဝင်လာတော့အတန်းထဲကဆူညံသံများတိတ်ဆိတ်သွားလေသည်၊၊

မြန်မာစာမို့ဆရာမကအာပေါက်မတတ်စရှင်းပြလေသည်၊၊

နွယ်ဖြူသျှင်ကတော့လက်လေးပိုက်ကျောလေးကိုမှီကာနားထောင်နေပေမဲ့သွန်းဝတီကမေးထောက်ပြီးငိုက်လာလေသည်၊၊

ဖြူမသိမသာလေးသွန်းပခုံးကိုတိုက်လိုက်လေသည်၊၊

သွန်းလန့်ပြီးမျက်လုံးလေးပြူးလာလေသည်၊၊

"ဟိုတစ်ယောက်..."

ဆရာမရဲ့လက်ညှိုးညွှန်မှုကြောင့်

"ရှန်....သမီးကိုပြောတာလား"
သွန်းကိုယ့်ကိုလက်ညှိုးလေးထိုးပြီးပြောလိုက်လေသည်၊၊

"ဟုတ်တယ်...
နောက်တစ်ပိုဒ်ထဖတ်ပြစမ်း"

သွန်းစာအုပ်လေးကိုကိုင်ကာကြောင်တောင်တောင်လေးနဲ့ထရပ်လေသည်၊၊

ဖြူကမသိမသာဖြင့်
"ဒုတိယစာမျက်နှာရဲ့တတိယအပိုဒ်"
တိုးတိုးလေးပြောပြသည်၊၊

ဖြူ ကျေးဇူးကြောင့်ဆရာမလက်မှသွန်းလွတ်မြောက်သွားသည်၊၊

ဒီလိုနဲ့စာသင်ချိန်တစ်ချိန်ပြီးတစ်ချိန်ပြီးဆုံးသွားလေသည်၊၊

"ဖြူ....မုန့်စျေးတန်းသွားရအောင်လေ"

နွယ်ဖြူသျှင်ကတော့အသန့်အရမ်းကြိုက်တာမို့မုန့်စျေးတန်းကအစားအစာတွေကိုသိပ်စားလေ့မရှိပေ၊၊

သူငယ်ချင်းထက်ပိုသောWhere stories live. Discover now