"ဟဲလို....
ဖြူ နင်အားရင်အခုငါ့ဆီလာပေးလို့ရမလား"သွန်းဆီကဖုန်းလေးချသွားသည်နှင့်စာသင်လက်စဆရာမကို
"တီချယ်....
ဖြူအရေးတကြီးသွားစရာလေးရှိလို့
မနက်ဖြန်မှဆက်သင်ကြမယ်နော်"ဖြူအလောတကြီးပြောပြီးအင်္ကျီခပ်သွက်သွက်အမြန်လဲကာဒရိုင်ဘာဦးလေးကြီးကိုခေါ်ပြီးသွန်းဆီသို့.....
"ဖြူ..."
"သွန်း....
ကြိုလည်းမချိန်းထားဘဲနဲ့ဘာစိတ်ကူးပေါက်ပြီး"ဖြူ့စကားမဆုံးခင်မှာပဲသွန်းကနှုတ်ခမ်းလေးဆူပြီး
"ရှိုင်းနဲ့ရုပ်ရှင်တူတူကြည့်ဖို့ချိန်းထားကြတာ
ကျူရှင်လစ်ပြီးတောင်ထွက်လာပြီးမှ
ရှိုင်းကဖုန်းလည်းလုံးဝမကိုင်တာဘူးလေ
တစ်ယောက်တည်းလည်းရုံထဲမဝင်ရဲတာနဲ့
ဖြူ့ဆီပဲဖုန်းလှမ်းဆက်လိုက်တာ"ဖြူ သွန်းစကားကြောင့်စိတ်မကောင်းဖြစ်သွားပေမဲ့နှုတ်ခမ်းထက်အပြုံးတုဖြင့်
"ရုပ်ရှင်တောင်စပြနေပြီမလား
ဝင်ကြရအောင်လေ"ဟာသကားမို့သွန်းကတဟားဟားရီမောလိုက်မုန့်စားလိုက်နှင့်ဖြူကတော့ဘေးကနေမသိမသာလေးသွန်းကိုခိုးခိုးကြည့်လေသည်၊၊ဒီလိုနဲ့ရုပ်ရှင်တစ်ကားသာပြီးသွားတယ်ဖြူကတော့ဘာမှန်းရေရေရာရာမသိရှာပေ၊၊
"သွန်းဝတီ...
ညည်းဘယ်ကပြန်လာတာလဲ"အမေဖြစ်သူကအပေါက်ဝကနေဆီးကြိုပြောလိုက်သည်မို့
"ဟို...ကျူရှင်ကနေမေမေ""ဘာ...ညည်းငါ့ကိုလာလိမ်မနေနဲ့
ညည်းဆရာငါ့ကိုဖုန်းဆက်ပြီးကျူရှင်မလာဘူးပြောသွားတယ်"သူခိုးလူမိသွားသည်မို့သွန်းခေါင်းလေးငုတ်ပြီးအသံတိုးတိုးလေးဖြင့်
"သူငယ်ချင်းနဲ့ရုပ်ရှင်သွားကြည့်တာပါမေမေ"အမေရဲ့လက်ကသွန်းကျောပြင်ပေါ်သို့......
........................................................................
"သွန်း....
ကိုတောင်းပန်ပါတယ်နော်
သွန်းနဲ့ချိန်းထားတာကိုမေ့ပြီးသူငယ်ချင်းတွေနဲ့ဘောလုံးသွားကန်နေလို့ပါ""အင်းပါ...."
ရှိုင်းကထပ်ပြီးသွန်းပါးလေးနှစ်ဖက်ကိုဆွဲပြီး
"ကို့ကိုစိတ်မဆိုးပါနဲ့နော်"